မိုးလင်းတာနဲ့ရူဘီချစ်ရသူလေးဟာ အိပ်မောကျနေလေရဲ့ ရူဘီအချစ်တွေဟာသိပ်ကိုနက်ရှိုင်းသည် ဂျိန်းလေရူဘီကိုသိပ်ချစ်တာပင် ပါးလေးကိုစနမ်းလိုက်ပြီးနှုတ်ခမ်းလေးကိုအပိုင်သိမ်းတော့အိပ်ချင်မူးတူးလေးဟာခပ်ဖြည်းဖြည်းတုံ့ပြန်လာသည် မျက်လုံးတောင်မဖွင့်သေးဘဲ အိပ်ချင်မူးတူးအသံလေးထွက်ကာဂျိန်းကိုခပ်ဖွဖွတွန်းလာသည်။
' အိပ်ချင်တယ်ရူဘီ '
ခန္ဓာကိုယ်ကိုရွေ့ပြီးဂျိန်းရင်ခွင်ထဲတိုးဝင်လာကာ ပြန်အိပ်ဖို့ပြင်နေသည်။
'ငါတို့နမ်းရအောင်လားဟင်မာနိုဘန် '
' သွားတောင်မတိုက်ရသေးဘူးလေရူဘီ '
' ညကတိုက်ထားတယ်လေ လာပါ '
' အိပ်ချင်တယ် '
' ငါနဲ့ချစ်ဖို့ထက်နင်အိပ်တာကပိုအရေးကြီးနေတာလားမာနိုဘန် '
ဖျတ်ခနဲပွင့်လာတဲ့မျက်ဝန်းနဲ့အတူ ခါတိုင်းဆိုတည်ငြိမ်အေးဆေးတဲ့မျက်ဝန်းပိုင်ရှင်လေးဟာဝမ်းနည်းနေသယောင်။
' ရူဘီ ငါတောင်းပန်ပါတယ်ငါအဲ့လိုမရည်ရွယ်ပါဘူး ငါအေးနေလို့ပါ '
' ဘာလို့ဝမ်းနည်းနေတာလည်း '
' ရူဘီကလေသံမာတာကို '
' ဟော မျက်နှာလေးနီလာပြီငိုတော့မလို့လား '
' အဟင့် ရူဘီကပိုအရေးကြီးတာ လီမအိပ်ချင်တော့ဘူး '
' ကဲ မငိုနဲ့ကွယ် '
' ရူဘီ အဟင့် အဟင့်....'
' ရူဘီမှားတာနော် လေသံမမာသင့်တာကို မငိုနဲ့တော့နော် '
' ရူဘီ ....'
ငိုနေဆဲဖြစ်တဲ့ကောင်မလေးကိုဂျိန်းဟာတင်းကြပ်အောင်ထွေးပွေ့ထားခဲ့သည်။
' တို့ကိုချစ်ရင်မငိုနဲ့မာနိုဘန် '
ထိုအခါမှတော့တသိမ့်သိမ့်တုန်နေတဲ့ခန္ဓာကိုယ်လေးဟာငြိမ်ကျကာ ဂျိန်းကိုမော့ကြည့်လာသည်။
' ကြည့်ပါအုံးမျက်ရည်တွေနဲ့လူကိုစိတ်မကောင်းဖြစ်အောင်ကွယ် မငိုရဘူးနော် ဂျိန်းလေမာနိုဘန်ကိုအရမ်းချစ်တယ် '