' ကလေး ဒီနေ့ကခရစ်စမတ်ဆိုတော့အလှဆင်တာလေးဝိုင်းပြင်ပေးအုံးနော် '
' ဟုတ် ရူဘီ '
ဒီနေရာကိုရောက်ပြီးသုံးပတ်အကြာမှာခရစ်စမတ်ဟာရောက်လာသည် နှင်းတွေအဆက်မပြတ်ကျကာအချမ်းပိုလာပုံမှာရူဘီအချိန်တိုင်းလီ့ရင်ခွင်ထဲဝင်နေရသည့်အထိပင် ။
' မာနို ကလေး '
' ပြောလေ အချစ်လေးရယ် '' မာနို ချယ်နဲ့နမ်းဖူးလား '
သိသိကြီးနဲ့မေးတဲ့မေးခွန်းနောက်မှာနက်နဲလွန်းတဲ့သက်ရောက်မှုတွေပါလေသည် ဘုရားသခင်လီဘယ်လိုများဖြေရပါ့ ။
' နမ်းဖူးတာပေါ့ အချစ်လည်းမြင်တာဘဲဟာရေခဲမုန့်ဆိုင်မှာလေ '
' ဟာ အဲ့တုန်းကမဟုတ်ဘဲတခြားအချိန် '
' ရူဘီနဲ့ဝေးနေတဲ့ကိုးနှစ်လုံး လီသူ့နဲ့မနမ်းဖူးတာသေချာပါတယ်ရူဘီ '
' ဒါဆို ကိုးနှစ်နောက်ပိုင်းတော့နမ်းဖြစ်တယ်ပေါ့ဟုတ်လားမာနိုဘန် '
ရင်ခွင်ထဲမှာမျက်မှောင်ကြုံ့ကာလီ့ကိုကြည့်လာတဲ့ရူဘီ အကြည့်တွေမှာလီဟာချွေးပျံလာရသည်။
' မသိချင်ပါနဲ့ရူဘီ အဲ့တာအတိတ်တွေပါ '
' မာနို ပြောနော် ဂျိန်းသိချင်တယ် မာနိုနဲ့ပက်သက်ရင် အတိတ် လက်ရှိ ဖြစ်နိုင်ရင်အနာဂတ်ကိုတောင်ကြိုသိနေချင်တာ '
' ရူဘီ စိတ်ဆိုးမှာပေါ့ '
' တကယ်စိတ်မဆိုးဘူးပြောပြပါနော် မာနို '
' အင်း သုံးခါပေါ့ အဲ့လောက်ပါဘဲ '
' ဘာ သုံးခါကြီးတောင်ဟုတ်လား မှန်မှန်ဖြေစမ်းဘယ်နေရာမှာနမ်းတာလည်း '
ရင်ခွင်ထဲကရူဘီဟာချက်ချင်းလီ့ကိုဆိုဖာပေါ်လှဲချလိုက်ကာအပေါ်ကတက်ခွလာသည် မျက်မှောင်ကျုံ့ကာအတော်လေးအလိုမကျဖြစ်နေပုံပင် ။
' ရူဘီ ပြောတော့စိတ်မဆိုး....'
' မာနိုဘန် ဂျိန်းမေးနေတယ်လေဘယ်နေရာမှာနမ်းတာလည်းလို့ဖြေလေ '
![](https://img.wattpad.com/cover/344377995-288-k146465.jpg)