45

1.7K 114 5
                                    

         အခန်းထဲမှာအနမ်းမိုးတွေရွာအပြီးမှာတော့ လီတို့အခန်းပြင်ထွက်လာကြသည် ရူဘီဟာလီ့ခါးတွေကိုချိတ်ကာတွယ်ဖက်ထားတာကြောင့်လီသူ့ကိုပင့်ကာချီထားသည် အခုလိုနွေးထွေးမှုအ‌ခြေအနေလေးလီသိပ်သဘောကျတာပင်။

        ' ရူဘီ ငါတို့အခုဘယ်ရောက်နေတာလည်းဟင် '

    ' မသိချင်နဲ့မာနိုအခုချိန်မှာနင့်အတွေးထဲငါနဲ့အတူရှိဖို့ဘဲတွေးနေသင့်တာ '

    ' ငါတို့အခုလည်းအတူရှိနေတာဘဲလေရူဘီ '

     ' အရူးကောင်တော်ပြီမပြောတော့ဘူး '

      လီ့ကိုဖက်တွယ်ရာကဆင်းကာရူဘီဟာအောက်ထပ်ကိုဆင်းသွားတာကြောင့် အနောက်ကနေလိုက်ဆင်းသွားတော့ပြတင်းပေါက်ကမြင်ရတဲ့အပြင်ဘက်ကြောင့်အံ့သြသွားရသည် ရေကန်လားမြစ်လားဒါဟာဘာလည်း နောက်ပြီးသေချာကြည့်မှအိမ်ဟာသစ်တောထဲမှာပင် သစ်ပင်တွေဟာအစီအရီစိုက်ထားတာကြောင့်တော်ရုံနေရာမဟုတ်တာကိုခန့်မှန်းမိတဲ့အပြင်နှင်းတွေကျနေတာကိုပါထပ်သိလိုက်ရသည် ဒါအမေရိကားမဖြစ်နိုင်ပေ အမေရိကားမှာနှင်းမကျသေးပေ အထူးသဖြင့်အခုလိုနေ့ခင်းဘက်နှင်းကျနေဖို့ဆိုပိုဆိုး။

     ' ရူဘီ ဒါဘယ်နေရာလည်း '

     ' လူတွေနဲ့ဝေးတဲ့နေရာငါတို့နှစ်ယောက်တည်းရှိနိုင်မယ့်ကမ္ဘာ '

    ' ငါနားမလည်တော့ဘူးရူဘီ ငါတို့ဒီမှာဘယ်လောက်ကြာကြာနေရမှာလည်း '

       ' မသိသေးဘူးခြောက်လလားတစ်နှစ်လား '

    ' ဘယ်လိုခြောက်လတစ်နှစ်ဟုတ်လား ငါအဖေဆီကခွင့်ယူထားတာနှစ်ပတ်တည်းလေတစ်ပတ်ခါဆိုရုံးပြန်တက်ရတော့မှာ '

      ' မာနို....'

   ဂျိန်းရဲ့လေသံမာမာကြောင့်လီဆာတစ်ယောက်မျက်လုံးလေးပကလပ်ပေကလပ်ပင်။

     'ငါနင့်ကိုခိုးပြေးတာနော် အချိန်တစ်ခုမရောက်မချင်းပြန်မှာမဟုတ်ဘူးဒီနေရာကနေ '

      ' ရူဘီ '

   ' အရူးကောင်ငါကတော့နင်နဲ့နီးအောင်လို့မိန်းကလေးတန်မဲ့အကုန်စီစဥ်ပြီးကားတင်ပြေးလာတာ နင်ကတော့ နင်ကတော့အိမ်ပြန်ဖို့ဘဲတွေးနေတယ် အစုတ်ပလုတ်ကောင်နင်ထွက်သွား သွားအဲ့လောက်ပြန်ချင်နေတာ ပြန် ပြန် '

Bond Of LoveWhere stories live. Discover now