' ငါလှလားဂျယ်ယောင်း '
' လှတယ်ရူဘီ ဒါနဲ့နင်ဒီလိုလုပ်မှဖြစ်မှာလား '
' ဘာကိုလည်းဂျယ်ယောင်း '
' လာလီဆာကိုဖိတ်ထားတာလေအမှန်ဆိုနင်သူ့ကိုမဖိတ်သင့်ဘူးမလား ဒါငါတို့ဟန်ဆောင်နေရုံဘဲလေ '
' သူပစ်ချခဲ့တဲ့ငါကသူမရှိလည်းကောင်းကောင်းရှင်သန်လည်ပတ်နိုင်တယ်ဆိုတာသိစေချင်ရုံဘဲ '
' ငါထင်တာသူတော်တော်ဝမ်းနည်းသွားမယ်ထင်တယ် '
' သူခံစားသင့်တာဘဲဂျယ်ယောင်း သူငါ့ကိုပစ်ချမသွားသင့်ဘူး '
' နင့်ကိုလည်းငါလက်မြှောက်တယ် '
ဒီနေ့စေ့စပ်ပွဲနေ့ပင် လုပ်ငန်းရှင်တွေသတင်းသမားတွေခေါ်ကာညစာစားပွဲကျင်းပနေလေသည် အဖေတို့ဟာသိပ်ကိုပျော်နေကြပုံပင် ဂျိန်းတို့လည်းဂျိန်းတို့လုပ်ရက်ကိုဂျိန်းတို့သာသိတာကြောင့်ကြိတ်ပြုဲးနေကြသည်။
' ဟဲ့ဂျိန်းဘာဖြစ်နေတာလည်း ခေါင်းတမော့မော့နဲ့ '
' လူမလာသေးလို့ '
' လာလီဆာလား '
' သိသိရက်နဲ့မေးမနေနဲ့ '
' ဂျိန်းပွဲထဲမှာတော့သူကိုငိုအောင်မလုပ်နဲ့နော် နင်ကိုလာတွေ့တိုင်းသူ့မျက်ဝန်းတွေကပြိုတော့မယ့်မိုးလိုဘဲ '
' ဂျယ်ယောင်းနင်ဟာလေလျှာကိုရှည်တယ် '
' အင်းပါငါမပြောတော့ဘူး '
ခနနေတော့ပွဲထဲကိုလီဆာရောက်လာသည် သူဟာဂျိန်းကိုငေးကြည့်နေလေသည် ပြောပြမတက်အောင်ငေးမှိုင်နေတဲ့သူ့မျက်ဝန်းတွေ ထိုမျက်ဝန်းတွေကြောင့်ရင်ထဲစို့စို့နင့်နင့်ဖြစ်လာသည် သူဟာတဖြည်းဖြည်းဂျိန်းအနားကိုလာကာ။
' ရူဘီ လီရောက်ပြီနော် '
' အာ...အင်း...'
' လီဆာလာပေးတာကျေးဇူးနော် '
' ရပါတယ်ဂျယ်ယောင်း ဂျယ်ယောင်းတို့ဒီနေ့သိပ်ပျော်နေကြမှာဘဲ '
'ဒါပေါ့ဗျာ '
' ဒါနဲ့ လီလီတို့ဓာတ်ပုံတစ်ပုံလောက်အတူရိုက်ရအောင်လေ '