' မင်းကဘယ်သူလည်း '
' ငါကလီဆာပါ '
' မင်းနာမည်ကိုမေးနေတာမဟုတ်ဘူး ဘာလို့ငါ့အခန်းထဲရောက်နေတာလည်းဆိုတာကိုဆိုလိုတာ '
' ဒါငါ့အခန်းလေ အာ..မဟုတ်ဘူးငါတို့အခန်း ငါကမင်းအခန်းဖော်ပါလာလီဆာလို့ခေါ်တယ် မင်းနာမည်ဘယ်လိုခေါ်လည်း'
' အာ အဲ့တာတွေငါစိတ်မဝင်စာဘူး ဘာလို့ငါ့မှာအခန်းဖော်ရှိနေလည်းဆိုတာဘဲ မင်းကိုဘယ်သူဒီအခန်းမှာနေခွင့်ပြုလိုက်တာလည်း '
' အဆောင်မှူး '
' ဟာ.....နေလို့မရဘူးဒါငါ့အခန်း မင်းအခုထွက်သွားပေးပါ '
' ဟမ် ငါကလား '
' ဟုတ်တယ်အခုထွက်သွားပေး ဒါငါ့အခန်း '
' ဒါဆိုငါကဘယ်မှာနေရမှာလည်း '
' မသိဘူးနေချင်တဲ့နေရာမှာနေ အခုထွက်သွားပေး '
ဒီလိုနဲ့လီလည်းဘာမသိညာမသိအခန်းပြင်ရောက်သွားလေသည်။
ဒုန်းးး
တစ်သက်နှင့်တစ်ကိုယ်အိပ်ရာကနိုးတာနှင့်အခန်းထဲကမောင်းထုတ်ခံရဖူးမယ်လို့တစ်ခါမှမတွေးခဲ့ဖူးပင် ။
' လီဆာ ဘာလုပ်နေတာလည်း '
' ငါ့အခန်းဖော်ကငါ့ကိုမောင်းထုတ်လိုက်တယ် ဒရူး '
' ဘာ ရူးနေတာလား နင်ဘေးဖယ်နေငါနဲ့တွေ့မယ် '
' ဒရူးခနထားပြီးငါတို့အဆောင်မှုးကိုခေါ်ရအောင်လား ပထမဆုံးရက်တော့ပြဿနာမတက်ဘဲနေကြရအောင်လေ '
' ကောင်းပြီလေနင့်သဘောဘဲ မာရွန်ကတစ်ဖနီတို့အခန်းထဲမှာနင်အဲ့မှာစောင့်နေငါအဆောင်မှူးကိုသွားမေးခဲ့မယ် '
' အင်းဒရူး....'
လီလည်းတစ်ဖနီတို့အခန်းထဲဝင်လာတော့ချယ်ဟာလီ့ကိုလာဖက်သည်။
' လီ ငါကနင်နားနေပြီထင်တာ ဘာလည်းငါ့ကိုလွမ်းလို့လာတာလား '
' မဟုတ်ဘူးငါ့အခန်းဖော်ကငါ့ကိုမောင်းထုတ်လိုက်လို့ '
' ဘာာာာာာ '