' မာနိုဘန် .....'
ဂျိန်းနားကြားများမှားလေသလား မာနိုဘန်ဟာဂျိန်းကိုချစ်တယ်တဲ့လေ ဒါဆိုသူချစ်နေတဲ့သူဟာဂျိန်းပေါ့ ဘုရားသခင်ဒါဘယ်လိုကောင်းချီးပေးမှုမျိုးလည်း။
' ငါတောင်းပန်ပါတယ်နော် ချယ်ကလေငယ်ငယ်ကတည်းကအားငယ်တက်တော့ငါ့ညီမလေးတစ်ယောက်လိုသံယောဇဥ်ရှိနေခဲ့တာငါတို့ရိုးသားပါတယ် ငါနင့်ကိုအဲ့လိုမတွေးစေချင်ဘူး ငါနင့်ကိုချစ်တယ်ရူဘီရယ် '
' မာနိုဘန်ရယ် '
ဂျိန်း မာနိုဘန်ကိုအသည်းအသန်ဖက်တွယ်ထားမိသည်။
' ရူဘီ '
' ငါလေ....ငါလေနင့်ကိုချစ်လို့ပါမာနိုဘန်ရယ် '
' ဟမ်...တကယ်..တကယ်လားရူဘီ နင်ကငါ့ကိုချစ်တယ်ဟုတ်လား '
' ငါနင့်ကိုချစ်တယ်နင်နဲ့အတူရှိချင်တယ်မာနိုဘန်ရယ် '
' ရူဘီ '
မာနိုဘန်ဟာမျက်ရည်တွေကျလာသည်။
' မာနိုဘန်ဘာလို့ငိုနေတာလည်းဟင် '
' ငါကလေ ငါတစ်ယောက်တည်းချစ်နေမိတယ်ထင်ခဲ့တာ နင်ငါ့အချစ်ကိုလက်မခံလောက်ဘူးထင်ခဲ့တာ ငါပျော်လို့ပါရူဘီရယ် '
ဂျိန်း မာနိုဘန်မျက်နှာအနှံ့ကိုနမ်းနေမိသည် မာနိုဘန်ဟာဂျိန်းအပိုင်ပင် ။
' ရူဘီ ချစ်တယ် '
' ငါလည်းချစ်တယ်မာနိုဘန်ရယ် '
ဂျိန်းမာနိုဘန်နှုတ်ခမ်းလေးကိုအပိုင်သိမ်းပစ်လိုက်သည် ဒါပထမဆုံးပင် သို့သော် ထွေးအိနေတဲ့မာနိုဘန်နှုတ်ခမ်းလေးဆီကရှန်ပိန်အနံ့အနည်းငယ်ရပြီး ခပ်ချိုချိုခံစားချက်လေးရသည်။
နှုတ်ခမ်းတွေကိုနူးနူးညံ့ညံ့သိမ်းပိုက်လာတဲ့ရူဘီကြောင့်ရူဘီခါးလေးကိုကိုင်တွယ်ကာအနမ်းကိုတုံ့ပြန်မိသည် နှစ်ယောက်လုံးအတွက်အဆက်စပ်မရှိခက်နေကြပေမယ့်အကောင်းဆုံးတော့ကြိုးစားနေကြတာပင်။
' မာနိုဘန် ချစ်တယ် '
' ငါပျော်လိုက်တာရူဘီရယ် '