33

1.1K 126 12
                                    

      ' လီဆာတော်ပြီ မသောက်နဲ့တော့ '

   ' ဒရူး ငါလေ ငါဘာဆက်လုပ်ရမလည်း ရူဘီကလေငါ့ကိုမချစ်တော့ဘူးဟ '

     ' လီဆာရယ် အဲ့တာကြောင့်ငါပြောတာလေသူ့ကိုအဖြစ်မှန်တွေပြောပြလိုက်ပါဆိုတာကိုနင်ဘာလို့မပြောတာလည်း '

      'အရာအားလုံးကသူ့နေရာနဲ့သူနေသားတကျဖြစ်နေတာ ငါက..ငါကငါ့အချစ်အတွက်နဲ့ရူဘီဘဝရဲ့အရာအားလုံးကိုဖျတ်စီးပစ်ရမှာ‌လား ရူဘီကသိပ်အပစ်ကင်းစင်တာ ငါလေသူ့ကိုဘယ်လိုနာကျင်မှုမျိုးမှမခံစားစေချင်ဘူး '

    ' မငိုပါနဲ့လီဆာရယ် '

    မနေ့နေ့လည်လေဆိပ်ကပြန်လာကတည်းကမျက်နှာမကောင်းတဲ့လီဆာဟာဒီနေ့တော့ဘားသွားချင်တယ်ဆိုတာကြောင့်ဒရူးလိုက်ခဲ့ခြင်းပင် ပြဿနာတစ်ခုခုတော့ရှိနေမှာကိုသိပေမယ့်လည်းအခုတော့ရူဘီဂျိန်းကြောင့်ဆိုတာပိုသေချာသိလိုက်ရလေသည်။

        ' အချစ်ကပိုင်ဆိုင်ခြင်းမဟုတ်ဘူးလို့ငါအကြိမ်ကြိမ်လက်ခံနိုင်အောင်ကြိုးစားခဲ့ပေမယ့်အခုလိုတွေ့လိုက်ရတော့ငါ့ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသလိုခံစားရတယ် ငါလေ....ငါနာကျင်ရတယ် '
 
      ' နာကျင်ရတာကိုသိရက်နဲ့လီဆာရယ် နင်ရူဘီဂျိန်းကိုချစ်တယ်မလား သတ္တရှိရှိပြောပြလိုက်နင်လုပ်ခဲ့သမျှသူ့အတွက်ဆိုတာသူမသိဘူး နောက်ပြီးခြိမ်း‌ခြောက်ခံခဲ့ရတာတွေကရောလီဆာ '

      ' မပြောချင်ဘူး ဒါတွေကငါ့သိမ်းထားရမယ့်အရာတွေပါ ငါ့ကြောင့်ရူဘီစိတ်ထိခိုက်နေလိုက်မယ် ငါကဘဲနောက်ဆုတ်မယ်ဒရူး ငါနောက်ဆုတ်မယ် '

     ' မရူးမိုက်စမ်းနဲ့လီဆာ ဒီတစ်ခါဝေးရင်တစ်သက်လုံးနော် ဘယ်လိုမှနင်တို့ပြန်ပေါင်းစည်းလို့ရမှာမဟုတ်တော့ဘူး'

     ' တန်ပါတယ် ငါ့နှလုံးသားနဲ့သူ့မိသားစုအရာရာဟာတရားတယ်ဒရူးရဲ့ '

       ပုခုံးပေါ်မှီကာအိပ်ပျော်သွားတဲ့လီဆာကိုကြည့်ကာအယ်ဒရူးတစ်ယောက်သက်ပျင်းချလိုက်မိသည် ချစ်နေရက်သားနဲ့လီဆာရယ် ဘာလို့အဲ့လိုအနစ်နာခံမှုမျိုးလုပ်ရတာလည်း ။

Bond Of LoveWhere stories live. Discover now