အကြောင်းအရာတွေကိုသိလိုက်ရဲ့အဆုံးမှာဂျိန်းဟာရှိုက်ကြီးတငင်ငိုလေသည်။
' ဆူးလ် အဲ့တာတွေကအမှန်တွေဘဲလားဟမ် ငါ့ကိုဖြေပေးပါ '
'.အမှန်တွေပါဂျိန်းငါလည်းသိတာမကြာသေးဘူး '
' အဖေက အဖေကအရမ်းရက်စက်လွန်းတယ်လို့မာမီနဲ့မာနိုဘန်ကိုအခုလိုလုပ်ရတာလည်း '
' နင်အခုမာနိုဘန်ဆီလိုက်သွားမှရမယ်ဂျိန်းအရမ်းအရေးကြီးတယ် '
' ဟမ် မာနို မာနိုဘာဖြစ်လို့လည်း '
' သူအမေရိကားကိုဒီမနက်ပြန်တော့မှာလေဂျိန်း နောက်ပြီးနင်မသိသေးတာရှိသေးတယ် '
' ဘာလည်းဟင် မာနိုနဲ့ပင်သက်ပြီးငါမသိတာတွေကအရမ်းများနေပြီ '
' ဒီတစ်ခေါက်အမေရိကားကိုပြန်ရင်သူချယ်ယောင်းနဲ့လက်ထပ်ရမှာဂျိန်း နင်သူ့ကိုပြန်လက်မခံရင်သူ့အဖေကချယ်နဲ့လက်ထပ်ဖို့လုပ်ခိုင်းတော့မှာ '
' ဘာ......'
ဂျိန်း ရင်ဝတည့်တည့်ကိုစောင့်ကန်ခံရသလိုနာကျင်စေသည့်သတင်းပင် လက်ထပ်မယ်တဲ့လားမဖြစ်ရဘူးမာနိုနင့်ကိုငါချစ်တယ် အသုံးမကျတဲ့လူကငါပါမာနိုရယ်ငါပါ နင်ဘယ်လောက်တောင်နာကျင်ခဲ့မလည်း အခုလည်းငါနင့်ကိုဆုံးရှုံးရတော့မှာလား။
' ငါတို့သွားကြမယ်ဂျိန်း ဂျယ်ယောင်းလေဆိပ်ကိုအမြန်လိုက်ပို့ပေးပါ '
' အေးအေး '
ကားပေါ်မှာလည်းဂျိန်းတစ်ယောက်ငိုသာငိုနေတော့သည် လီဆာဆီဖုန်းဆက်တော့လည်းဖုန်းကဆက်သွယ်မရသာဖြစ်နေသည် ဂျိန်းကတော့အတော်လေးကမ္ဘာပျက်နေခဲ့တော့သည် ဟုတ်လည်းဟုတ်ပါသည်သိလိုက်ရတဲ့ကိစ္စတွေကသိပ်ကိုကြောက်ဖို့ကောင်းလွန်းနေသည်မဟုတ်ပါလား ။
' ဂျိန်းမငိုပါနဲ့တိတ်တော့နော် '
' မာနိုဘန် မာနိုဘန်ဘယ်လောက်တောင်ခံစားခဲ့ရမလည်းဟင် ငါ့အဖေကရော ငါကရောသူ့ကိုနာကျင်မှုတွေပေးခဲ့မိတာ ငါ့ကြောင့်သူကဘယ်လောက်တောင်ဝမ်းနည်းနေခဲ့ရမလည်းငါ.....ငါမှားသွားတယ် နာကျင်နေတဲ့သူ့ကိုအခုလိုထပ်နာကျင်အောင်မလုပ်သင့်ဘူး '