55

1.7K 136 4
                                    

'မာနိုဘန် ပြောစမ်းအဲ့အရက်တွေဘာလို့သောက်လာတာလည်း'

'အလုပ်သဘောအရပါ ရူဘီ လီသိပ်မမူးတော့ပါဘူး'

'အဲ့တာအခုမှလေစောနကဘယ်လောက်တောင်မူးနေတာလည်း'

လီအခုတော့အခန်းထဲမှာဒူးထောက်ထိုင်ကာရူဘီဆူတာခံနေရသည် မသောက်ချင်သော်လည်းအတင်းတိုက်တဲ့ပါတနာတွေကြောင့် လီလွန်ခဲ့တဲ့နာရီဝက်ကအထိအတော်လေးမူးနေတာပင် ရူဘီသံပုရာရည်လာတိုက်မှအမူးပြေခဲ့တာပင် ရူဘီဟာလီ့ကိုအရက်မသောက်ခိုင်းတာမို့အပစ်ကျူးလွန်မိတဲ့လူလိုနာခံနေမိသည်။

'လီလီနောက်မသောက်တော့ပါဘူး ခွင့်လွှတ်ပါနော်ရူဘီ'

ရူဘီဟာသိပ်ဒေါသထွက်နေပုံပင်

'ပြောစကားနားမထောင်တာလား ဖုန်းဆက်ပြီးဝိုင်လောက်ဘဲတစ်ခွက်တစ်လေသောက်ပါအရက်မသောက်ပါနဲ့လို့ကျိန်းသေပေါက်မှာလိုက်တာတောင်အခုလိုထွက်လာတယ် ကြည့်အုံးပုံစံကိုဘာမှမသိဘူးမူးရူးနေတာ ရှင်သာတစ်ခုခုဖြစ်ရင်ကျွန်မဘာလုပ်ရမလည်းမာနိုဘန် ကျွန်မရှင့်ကိုအထိခိုက်မခံနိုင်ဘူးပြောထားတယ်မဟုတ်လား'

' လီလီတောင်းပန်ပါတယ်နော် ရူဘီ'

'တော်ပြီ အရင်နံ့တွေနဲ့လာမအိပ်နဲ့'

'ရူဘီ မရဘူးချော့သိပ်'

'အရက်နံ့တွေနဲ့အနားမလာနဲ့ထသွားတော့'

ရေချိုးခန်းကိုသွားခိုင်းသော်လည်း မာနိုဘန်ဟာ အခန်းပြင်ကိုထွက်သွားသည် အပြင်ကရေချိုးခန်းကိုသွားသုံးတယ်ထင်ပြီးဂျိန်းထိုင်စောင့်နေသော်လည်းအတော်အကြာပေါ်မလာတာကြောင့်အခန်းပြင်ထွက်ကာလိုက်ရှာတော့မတွေ့ပြန် နောက်ဆုံးတော့စာဖတ်ခန်းရဲ့ဆိုဖာပေါ်မှာမှောက်ရက်လေးအိပ်ပျော်နေတဲ့ကလေးငယ်ကိုကြည့်ကာရင်ထဲမကောင်းပေ ရေချိုးခိုင်းလိုက်တာကိုသူနဲ့အတူမအိပ်ချင်လို့မောင်းထုတ်တယ်ထင်သွားပုံပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ကလေးကိုမနိုးရက်တော့ဘဲစောင်လေးသေချာခြုံပေးခဲ့ကာပြန်လာခဲ့သည် ကလေးငယ်နဲ့အတူမအိပ်ရတဲ့တစ်ညတာဟာသိပ်ကြာရှည်လွန်းသည်။

Bond Of LoveWhere stories live. Discover now