2

1.8K 122 5
                                    

    ' ရားးးငါ့အနွေးအိတ်တွေရော '

   ' တစ်ယောက်ယောက်များငါ့မိတ်ကပ်အိတ်ကိုတွေ့မိကြသေးလား အိမ်မှာကျန်ခဲ့တာများလား အားးးသေချင်တာဘဲ '

    ' ငါ့ဆံပင်ဆက်ပစ္စည်းတွေရောမဖြစ်တော့ဘူးအယ်ဒရူးအိမ်ကိုဖုန်းဆက်ရင်င့်ပစ္စည်းတွေကိုပါထည့်ဖို့ပြောနော် '

      ' ခနလေးငါ့အမွှေးပွအကျီရောကိုရီးယားမှာအရမ်းအေးနေတယ်ဆိုလို့ငါ့အကိုဝယ်ပေးထားတာ အာ ရူးချင်တာဘဲ '

      အကုန်လုံးတစ်ယောက်တစ်ပေါက်နှင့်အဝတ်ထုတ်တွေပြင်ကာအလုပ်များနေကြသည် အခန်းတစ်ခုလုံးလည်းခရီးဆောင်အိတ်တွေပြည့်နေလေပြီ ။

    ' ဟေးးးမိန်းကလေးတို့ခနလောက်စိတ်အေးအေးထားကြစမ်းပါ '

     လီ့အသံကြောင့်လေးယောက်လုံးသက်ပျင်းချနေကြသည်။

   'နင်တို့စိတ်လှုပ်ရှားနေတာကိုငါသိတယ် ဒါပေမယ့်နင်တို့သိတယ်မဟုတ်လား ငါတို့အကောင်းဆုံးပြင်ဆင်ထားတာဘဲလေ အကုန်အဆင်ပြေသွားမှာပါ '

     ' အမေရိကန်မဟုတ်တဲ့တခြားနိုင်ငံကတော်တော်လေးကွဲပြားနေမှာပေါ့ လီလီ ငါတို့စိတ်လှုပ်ရှားလို့ရူးတော့မယ် ငါတို့အဲ့မှာကျောင်းတက်ရမှာ တွေးရင်းကြက်သီးတောင်‌ထလာတယ် '

    ' အိုးးးနင်တို့အရမ်းစိတ်လှုပ်ရှားနေကြတာဘဲ ငါတို့ပုံမှန်ဖြတ်သန်းကြမယ် အကုန်အဆင်ပြေသွားမှာ ငါထင်တာနင်တို့ပြင်ဆင်ထားတာတွေပြည့်စုံနေပါပြီ  ကြည့်လေတစ်ခန်းလုံးခရီးဆောင်အိတ်အပြည့်ဘဲ လုံလောက်နေပါပြီ '

    'အဲ့လိုထင်တာပါဘဲ လီ '

   ' လုပ်စမ်းပါတက်တက်ကြွကြွလေးအကုန်လိုက်ပူပန်မနေကြနဲ့ '

    ငါးယောက်သားပြုံးရယ်လိုက်ကြသည် မနက်ဖြန်ဆိုလီတို့အကုန်လုံးဟာကိုရီးယားနိုင်ငံကိုပထမဆုံးအ‌ခြေချကြတော့မှာပင် အဲ့အတွက်အကုန်လုံးစိတ်လှုပ်ရှားနေကြသည်။

     ' ဒါအမေရိကားမှာနေတဲ့နောက်ဆုံးညဘဲ တစ်နှစ်တောင်ခွဲရအုံးမယ် လွမ်းနေမှာပါ  '

Bond Of LoveWhere stories live. Discover now