5

1.6K 130 5
                                    

       သုံးပတ်ကြာခဲ့ပြီ လီတို့ကျောင်းတက်ခဲ့တာ နောက်အပတ်ဆိုလပတ်စာမေးပွဲရှိပြီး စာမေးပွဲဖြေပြီးတာနှင့်ပိတ်ရက်မှာအပြင်ထွက်ခွင့်ရမှာပင် ဒီလစာမေးပွဲအတွက်အကုန်လုံးစာကြိုးစားနေကြသည်။

       ညဘက်အထိလီစာကြည့်နေခဲ့သည် လီ့အအတန်းဖော်ကတော့အိပ်သွားပြီပင် သူနဲ့လီနဲ့ဆုံတာနည်းသည် လီတို့ကလည်းစာကြည့်တိုက်မှာဘဲစာလုပ်ကာညကျမှအဆောင်ပြန်တက်သလို လီပြန်လာတိုင်းသူကတော့အိပ်နေလေပြီ အတန်းထဲမှာလည်းနေရာချင်းဝေးတာမို့တစ်ယောက်နဲ့တစ်ယောက်စကားပင်မပြောဖြစ်ပေ။

    ညနက်ထိစာလုပ်နေရင်း တဖြည်းဖြည်းချင်းလီအိပ်ပျော်သွားသည်။

     ' မာမီ လီ ဝတ်ထားတာအဆင်ပြေလား'

' မာမီ့ကလေးကချစ်ဖို့အကောင်းဆုံး '

     ' ဒယ်ဒီရောဟင် မလာသေးဘူးလား'

   ' မာမီတို့ခမ်းမကိုကြိုသွားကြမယ်လေ ဒယ်ဒီကရုံးကနေလိုက်လာလိမ့်မယ် '

   ' ဟုတ် မာမီ '

  ဒီနေ့ကအားကစားဆုပေးပွဲပင် လီဟာဘက်စ်ကတ်ဘောမှာပထမဆုရခဲ့တာပင် ခမ်းမဆီရောက်တော့ ဒယ်ဒီဟာကြိုရောက်နှင့်နေပြီ ။

    ' ဒယ်ဒီသမီးလေးကချစ်စရာလေးကွာလာပါအုံး ဒယ်ဒီ့ဆီ '

    လီဒယ်ဒီကိုပြေးဖက်လိုက်သည်။

   ' လီလီ ဆုယူရမယ့်အလှည့်ရောက်ပြီ '

  .' ဟုတ် မာမီ '

   လီစင်ပေါ်မှာဆုတက်ယူကာမာမီတို့နှင့်အတူဓာတ်ပုံရိုက်ခဲ့သည် ထိုဓာတ်ပုံလေးကမာမီနဲ့ရိုက်ခဲ့တဲ့နောက်ဆုံးဓာတ်ပုံပင်။

    ' မာမီ.....'

  အိမ်ရောက်ရောက်ချင်းမာမီဟာကြမ်းပြင်ပေါ်ပုံလျက်သားလဲကျသွားခဲ့သည်။

   ' ဒယ်ဒီလာပါအုံး မာမီ လဲကျသွားလို့.....'

    ' မာမီ.....သတိထားပါအုံး....အဟင့် မာမီကိုကယ်ပေးပါ '

     ဂျိန်းအိပ်နေရင်းနဲ့ငိုသံကြားတာကြောင့်နိုးလာသည် အသံလာရာကိုကြည့်လိုက်တော့မာနိုဘန်ဆီကပင် အိပ်နေရင်းနဲ့မာနိုဘန်ဟာငိုနေတာပင် သူအမြဲမာမီလို့ခေါ်ရင်းငိုနေတက်သည် ဒါဟာညတိုင်းမဟုတ်ရင်တောင် တစ်ခါတစ်လေမှာဂျိန်းကြားနေခဲ့ရတာပင် ဂျိန်း မာနိုဘန်အနားသွားကာပခုံးကိုလှုပ်နှိုးတော့သူဟာနိုးမလာတဲ့အပြင်ဂျိန်းခါးကိုဖက်တွယ်သည်။

Bond Of LoveWhere stories live. Discover now