37

1.3K 120 9
                                    

      ကိုရီးယားနိုင်ငံတွင်ကျင်းပသည့်အကြီးဆုံးဖက်ရှင်ပွဲတစ်ခု အကန့်အသတ်အထည်တွေသာရှိတာမို့ မိန်းကလေးများသိပ်သဘောကျသည့် ဖက်ရှင်ပွဲတစ်ခုဆိုလည်းမမှားနိုင်ပေ။

      ' လီလီ အဆင်ပြေသွားမှာပါငါ့ကိုကြည့် ငါတို့လမ်းလျှောက်ချိန်ကတစ်မိနစ်ဘဲ ငါနင့်ဘေးမှာရှိနေမှာ ငါ့ကိုယုံပါလီလီ ငါ့ကိုကြည့် '

   ပွဲမစခင်စိတ်လှုပ်ရှားနေတဲ့လီလီဟာထောင့်လေးတစ်ခုမှာတိတ်ဆိတ်စွာထိုင်နေသည် ချယ်လက်စွမ်းပြထားသည်အကျီနှင့်လီလီဟာသိပ်ကိုလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အပြင် နဂိုချစ်ဖို့ကေညင်းပြီးစမတ်ဖြစ်လွန်းတဲ့မျက်နှာလေးမှာ ဒီနေ့မှာတော့သိပ်ကိုဆွဲဆောင်ညို့ယူစွမ်းပြင်းနေလေသည် ။

      ' ငါ‌ကြောက်တယ်ချယ် အဆင်ပြေမှာပါနော် '

    ' အဆင်ပြေမှာပါငါနင့်အနားရှိတယ်နင်ဘာမှမကြောက်နဲ့နော် '

    ' အင်း ချယ် '

       'စီအီးအိုနောက်ဆယ်မိနစ်နေရင်စီအီးအိုတို့အလှည့်ရောက်ပါပြီ '

     ' အင်းလာခဲ့မယ် '

    ကြီးကြပ်မှူးကိုစကားကိုပြန်ပြောပြီး လီလီကိုကြည့်တဲ့အခါမှာတော့သူဟာချယ့်အနားမှာလာရပ်နေလေသည်။

     ' ငါတို့အကောင်းဆုံးကြိုးစားကြတာပေါ့ချယ် '

    ' အင်း နင်နဲ့ဆိုအရာရာကအကောင်းဆုံးဖြစ်နေပြီလီလီ ဒါဆိုငါတို့နေရာယူထားကြတာပေါ့ '

    ' အင်းချယ် '

    အဓိကစင်ဝင်ပေါက်မှာနေရာယူလိုက်သည် မော်ဒယ်တွေဟာဘေးတစ်ဖက်စီကနေထွက်လာကာရှိုးလျောက်ပြီးနောက်ဆုံးမှာချယ်တို့ရဲ့ပင်မတံခါးကြီးပွင့်လာမှာပင်။

      ' စီအီးအိုတို့ ခနနေတံခါးပွင့်လာပါတော့မယ် အသင့်ပြင်ထားပေးပါနော် '

      ထိုစကားသံကြောင့်ချယ်လီလီလက်မောင်းလေးကိုတွဲလိုက်သည်။

     ' နင်အရမ်းလှနေတယ်လီလီ '

   ' နင်ရောသိပ်လှနေတာသိရဲ့လားချယ်'

Bond Of LoveWhere stories live. Discover now