48

1.6K 122 3
                                    

       ' နင် လီဆာကိုဒီမှာဘဲအခုလိုထားတော့မှာလား '

         ' ငါလည်းစဥ်းစားနေပါတယ်ဂျယ်ယောင်း နင်သိတဲ့အတိုင်းငါလည်းအများကြီးတွေးနေမိတယ် ငါတို့ပြန်သွားရင်ဘယ်လိုလုပ်ရမလည်း သူ့အဖေကရောငါ့ကိုလက်ခံမလား မာနိုကသိပ်အနစ်နာခံတက်တာငါ့ကြောင့်လည်း‌သူ့ကိုခက်ခဲတာမျိုးမဖြစ်စေချင်ဘူး နောက်ပြီးငါသူနဲ့ပိုချည်နှောင်ထားတဲ့ဆက်ဆံရေးဖြစ်ချင်တယ် အမေရိကားပြန်ရောက်ရင်ငါသူ့ကိုတရားဝင်လက်ထပ်မယ်ဂျယ်ယောင်းနောက်ပြီးသူ့အသွေးအသားလေး ငါစုံစမ်းခိုင်းတာလေးသိရပြီလားဂျယ်ယောင်း '

        ' အင်းဇန်ပြောသလောက်တော့ဆန်ဖရစ္စကိုမှာအကောင်းဆုံးဆေးရုံရှိတယ်အဲ့အတွက် '

      ' ငါ လီလီအတွက်ရင်သွေးလေးမွေးပေးမယ် မိသားစုဘဝလေးတစ်ခုသူ့ကိုလက်ဆောင်ပေးချင်တယ် '

      နှင်းလူသားရုပ်လုပ်ကာပျော်နေတဲ့မာနိုကို ဂျိန်းငေးကြည့်နေမိသည် ဒီအဖြူထည်လေးဟာဂျိန်းအပိုင်ဖြစ်နေလေပြီ။ 

      ' ဟက်ချိုး....'

   ' ပြောသားဘဲသိပ်မဆော့ပါနဲ့ဆိုတာအခုတော့အအေးမိပြီ '

       ကုတင်ပေါ်မှာစောင်လေးနဲ့ကွေးနေတဲ့လီဆာဟာအအေးထဲမှာဆော့တဲ့အရှိန်ကြောင့်ဖျားနေခဲ့ပြီး ရူဘီဂျိန်းကတော့ဆိုးရိမ်ကာဆူနေလေသည်။ 

       ' လီလည်းမထင်လိုက်လို့ပါ ဟက်ချိုး အခုလိုဖျားမယ်လို့ '

      ' အဖျားတိုင်းမယ် '

    ' ဟုတ် '

     အဖျားတိုင်းနေတဲ့ရူဘီဂျိန်းဟာအတော်လေးစိတ်ပူနေသည်  ။ 

       ' အဖျားကျဆေးနဲ့အားဆေးထိုးရမယ်မာနို '

      ' ဆေးမထိုးချင်ဘူး '

    ' မာနိုဘန် စကားနားမထောင်ဘူးလား ဒီလောက်အဖျားတွေတက်နေတာမထိုးချင်လည်းထိုးရမယ် '

    ' ရူဘီကလည်း '

   ' ကဲ ဆေးထိုးလိုက်နော် သက်သာသွားမှာ '

   'မနာအောင်ထိုးနော်ရူဘီ '

   ' အင်း အင်းမနာအောင်ထိုးမယ် '

Bond Of LoveWhere stories live. Discover now