10

1.2K 124 4
                                    

      ညကျတော့ ဂျိန်း မာနိုဘန်နဲ့အတူစာလုပ်နေခဲ့သည် မာနိုဘန်ကလေအရမ်းစိတ်ရှည်တာဘဲ။

     ' ရူဘီသိလားဒီပုစ္ဆာကလေနယူတန်လောကိုသုံးထားတာအဆင့်ကအရမ်းများတယ်နားလည်လားဟင် '

   ' ငါနားလည်ပါတယ်မာနိုဘန် '

   ' တော်သေးတာပေါ့ ဒါဆိုစာဆက်လုပ်ကြမယ် '

    တစ်နေ့လည်လုံးစာအတူလုပ်ပြီးတော့မာနိုဘန်ဟာဂျိန်းကိုစကားပြောလာခဲ့သည်။

     ' ရူဘီ '

   ' ပြောလေမာနိုဘန် '

   ' နင်ကချစ်စရာလေးသိလား '

   ' ဟမ်.....'

   ဂျိန်းမာနိုဘန်ကိုမော့ကြည့်မိတော့ ဂျိန်းကိုကြည့်နေတဲ့မာနိုဘန်နဲ့အကြည့်ချင်းဆုံသည် သူ့မျက်ဝန်းညိုတွေအရမ်းလှသည်။

      ရူဘီမျက်ဝန်းလေးတွေကပုလဲလေးတွေလိုဘဲတောက်ပနေတဲ့ကြောင်မျက်ဝန်းလေးတွေ ရူဘီကကြောင်မလေးတစ်ကောင်လိုဘဲလီလေကြောင်လေးတစ်ကောင်တောင်မွေးချင်လာသည်။

    ' နင်ကချစ်ဖို့ကောင်းတယ်ရူဘီ နင်သိလား '

    ' အမ်...ငါ...ငါကသာမန်ပါဘဲ '

   ' ငါတကယ်အံ့သြတယ် '

   ' ဘာကိုလည်း '

' နင့်ပါးလေးတွေဖောင်းနေတာကချစ်စရာလေး နင်ကပါးဖောင်းဖောင်းကြောင်လေးနဲ့တူတယ် '

    ' မတူပါဘူး ငါကရူဘီဂျိန်းပါ '

   ဆူပုတ်ပုတ်ဖြစ်သွားတဲ့ဂျိန်းခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးမိသည်။
  
   ' ငါချစ်ဖို့ကောင်းတယ်လို့တွေးမိတာနင်ကပထမဆုံးဘဲ ငါလူတိုင်းကိုလိုက်မကြည့်ပါဘူး ဒီတိုင်းနင်ကတော့မတူဘူး'

    'ပိုလှတယ်မဟုတ်လား '

   ' လှတာထက်ပိုပါတယ်ငါ့အတွက်တော့ငါလည်းနားမလည်ပါဘူး '

   မာနိုဘန်တစ်ခုခုကိုနားမလည်လို့အရမ်းတွေးနေပုံပင်။

    ' မာနိုဘန်တစ်နေ့တော့နင်နားလည်လာမှာပေါ့အဲ့ကျငါ့ကိုပြောပေါ့ '

   ' အင်းပါအဲ့လိုလုပ်ပါ့မယ် ဒါနဲ့ငါညစာစားဖို့သွားရတော့မယ်နင်နေခဲ့အုံးနော် '

Bond Of LoveWhere stories live. Discover now