18

1.4K 117 11
                                    

တီ.....တီ...,.

   ' ဒါရေကူးချိန်ဘဲ '

အတန်းထဲကလူတွေအကုန်ရေကူးကန်ဆီသွားကြသည် ကျောင်းသူတွေအကုန်လုံးရေကူးဝတ်စုံလဲကာ ရေကူးကန်မှာဆော့နေကြသည်  ရူဘီနဲ့လီကတော့လူရှင်းတဲ့ရေကန်ထောင့်လေးမှာရေထဲခြေထောက်ချကာထိုင်ပြီးစကားပြောနေခဲ့သည်။

    ' မာနိုဘန် ရေမဆော့ဘူးလား '

  ' ဟင့်အင်းရူဘီ ငါရေဆော့ရတာသိပ်မကြိုက်ဘူး‌ရေကူးဖို့ကလည်းလူရှုပ်လွန်းတယ် '

    '  လူရှုပ်တာမကြိုက်ဘူးပေါ့ '

   ' အင်း မတိတ်ဆိတ်တဲ့နေရာတွေကိုသဘောမကျဘူး ငယ်ငယ်ကတည်းကမကြိုက်တာ '

    ' ဒါပေမယ့်အခုငါရှိနေပြီလေနင်တစ်ယောက်တည်းမနေသင့်တော့ဘူး '

   ' နင်ရှိနေရင်ပြည့်စုံပါတယ်ရူဘီ တစ်ယောက်တည်းမနေရလည်းအဆင်ပြေပါတယ် '

    ' နင်ဟာလေရုပ်တည်ကြီးနဲ့အရမ်းချွေတာဘဲ '

    ' ငါမရည်ရွယ်ပါဘူး ဒါပေမယ့်ပြောပြနိုင်တဲ့နည်းကလည်းဒီနည်းဘဲရှိလို့ '

    ' ရုပ်တည်ကြီးနဲ့အချစ်အကြောင်းတွေပြောတဲ့နင့်ကိုငါသိပ်ချစ်တယ် မာနိုဘန် '

    ' ငါလည်းချစ်တယ်ရူဘီ '

  ဂျိန်းနဲ့မာနိုဘန်ရေထဲကိုခြေထောက်လေးချကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးကာအရှေ့ကိုပြန်ကြည့်နေကြသည် ဒီပက်သက်မှုကိုကျောင်းမပြီးမချင်းဘယ်သူမှသိလို့မရဘူးလို့ဂျိန်းတို့ကတိပေးခဲ့ကြတယ်လေ အကုန်လုံးကဂျိန်းတို့ကိုအခန်းဖော်သူငယ်ချင်းအဖြစ်ဘဲသိကြရလိမ့်မည် ။

     ' လီ......'

  ' ယူဂျောင်း.....'

  အနားကိုရုတ်တရက်ရောက်လာတဲ့ယူဂျောင်းကြောင့် လီဘာပြောရမှန်းမသိပေ။

    ' စကားခနပြောရအောင်လားလီ ဟိုတစ်နေ့ကတို့စကားကမဆုံးသေးဘူးလေ '

     ' လီတို့ဘာမှဆက်ပြောစရာမလိုလောက်အောင် လီပြောပြီးပြီလို့ထင်ပါတယ် '

    ' ဒါပေမယ့် လီ အခုချိန်မှာတော့တို့လီနဲ့စကားပြောချင်တယ် '

Bond Of LoveWhere stories live. Discover now