31

1K 105 15
                                    

       နောက်အပတ်မှာ လီ ဆေးရုံကနေပြန်ဆင်းခဲ့သည် ထိုအချိန်အတွင်း လီဆာ ဟာရူဘီဂျိန်းအနားကိုပြန်ရောက်အောင်ကြိုးစားနေရှာလေသည်။

       ' ဒေါက်တာ....'

  ကားပါကင်အနားမှာကြားလိုက်ရတဲ့အသံကြောင့်ကြည့်မိတော့ မာနိုဘန် သူဟာမျက်လုံးလေးတွေမှေးစင်းသည်အထိပြုံးပြနေလေသည်။

      ' ရူဘီ ဒီနေ့ပြန်တာနည်းနည်းနောက်ကျတယ်နော် လီစောင့်နေတာနည်းနည်းတော့ကြာနေပြီ '

     ' နင်ရူးနေတာလား ဘာလို့ငါ့ကိုနေ့တိုင်းလာစောင့်နေတာလည်း '

     ' အချစ်တွေကိုပေးနေတာလေရူဘီ အော် နောက်ပြီးဒီမှာပန်း အပြောင်းအလဲဖြစ်အောင်ငါဒေစီတွေဝယ်ခဲ့တယ် နင်ကြိုက်တယ်မဟုတ်လား '

     အရှေ့ကိုရောက်လာတဲ့ပန်းစည်းကိုရိုက်ချပစ်လိုက်သည် နာကျင်စရာတွေဘဲမာနိုဘန် နင်ဘာတွေငါ့ကိုထပ်လှည့်စားမလို့လည်း နင့်ကြောင့်အနာတရဖြစ်ခဲ့တဲ့ငါ့နှလုံးသားကဘယ်သူ့ကိုမှထပ်မချစ်နိုင်တာကိုမကျေနပ်နိုင်သေးဘူးလား ငါနင့်ကိုအရမ်းမုန်းတာဘဲ ။

      ' နင်ငါ့ကိုအရမ်းလွယ်တယ်လို့ထင်နေတာလားဟမ် နင်ချစ်ချင်သလိုချစ် ပစ်ချချင်သလိုပစ်ချပြီး အခုကျ အခုကျနင်ကငါ့ကိုချစ်ပေးမယ်ပေါ့ဟုတ်လား ဒါနင့်ရဲ့ဘယ်လိုမျိုးအချစ်သင်္ကေတတွေလည်းဟမ် နင်ရူးနေလား '

       ရူဘီဟာမျက်ရည်တွေကျကာလီ့ရင်ဘတ်ကိုထုရိုက်နေလေသည် ရိုက်လိုက်စမ်းပါရူဘီရယ် ကိုးနှစ်လုံးမသေရုံတမယ်လည်ပတ်နေခဲ့တဲ့ငါ့နှလုံးသားကိုသတိပြန်လည်အောင်လုပ်ပေးပါ။

    ' ငါ အတွက်ရောလွယ်ကူမယ်လို့ရူဘီကထင်လို့လား '

     ' ထင်လားဟုတ်လား နင်လိုတစ်ကိုယ်ကောင်းဆန်တဲ့လူက ဒီမေးခွန်းကိုမေးရဲတာနင်မရှက်ဘူးလား '

   ' နင်ထင်ချင်သလိုထင်နိုင်တယ်ရူဘီ သတ်မှတ်ချင်သလိုသတ်မှတ်နိုင်တယ် ဒါပေမယ့်ငါနင့်ကိုချစ်တယ်ရူဘီ ငါနင့်ကိုအရမ်းချစ်တယ် လွန်ခဲ့တဲ့ဆယ်နှစ်ကလာလီဆာကနင့်ကိုချစ်သလို အခုလီဆာကလည်းနင့်ကိုချစ်တယ် ငါနှလုံးသားကဘာမှပြောင်းလဲသွားတာမရှိဘူးရူဘီ မတွေ့ရတဲ့နှစ်တွေလည်းငါနင့်ကိုဘဲချစ်နေခဲ့တာ အဲ့တာလေးတော့ငါ့ကိုယုံပေးပါ '

Bond Of LoveWhere stories live. Discover now