' စီအီးအိုရှာခိုင်းတဲ့လူကိုရှာတွေ့ပါပြီ ဒီမှာအချက်အလက်တွေပါ '
' အင်းသွားလို့ရပါပြီ '
' ဟုတ်ကဲ့ စီအီးအို '
လီ ထိုဖိုင်ကိုဖွင့်လိုက်သည် ကိုရီးယားကမပြန်ခင်မှာတော့မာမီနောက်ဆုံးဆန္ဒကိုရအောင်အကောင်အထည်ဖော်ခဲ့မှာပင်။
စာအိတ်ဖွင့်ဖွင့်ချင်းတွေ့လိုက်ရတဲ့ဓာတ်ပုံကြောင့် လီအံ့သြသွားရသည်။
' ကျောင်းအုပ်ကတော် 'ဟုတ်သည် ဂင်ဆူယောင်းဆိုတဲ့အမျိုးသမီးဟာမာမီသူငယ်ချင်းဂင်ဆူယောင်းဟာ ကျောင်းအုပ်ကတော်ပင် သူဟာလီ့ကိုတစ်ခါကူညီဖူးသည် လွန်ခဲ့တဲ့ကိုးနှစ်ကပြဿနာတက်တုန်ကပေါ့။
' ကျောင်းသူလီဆာရုံးခန်းထဲလိုက်ခဲ့ပါ '
လီ ကျောင်းအုပ်အနောက်ကိုလိုက်ကာရုံးခန်းထဲရောက်တော့ ထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည် ။
' ဘာလို့အဲ့လိုကန်လိုက်တာလည်းကျောင်းသူလီဆာ ဒါဘယ်လောက်ဆိုးရွားလည်းသိလား '
' မိန်းကလေးတစ်ယောက်ကိုဆွဲလားရမ်းလားလုပ်တာကပိုဆိုးရွားတာပါကျောင်းအုပ် '
လီစကားကြောင့်ထိုအမျိုးသမီးရဲ့စာဖတ်နေတဲ့မျက်ဝန်းတစ်စုံကလီ့ဆီရောက်လာသည် လီ့တစ်ကိုယ်လုံးကိုသေချာစွာစူးစိုက်ကြည့်ပြီး။
' ကျောင်းသူကို ကျွန်မဖြေရှင်းလိုက်မှာမို့ ရှင်အစည်းအဝေးသွားစရာရှိတာသွားပါ '
' ယောင်းအဆင်ပြေပါ့မလား '
'.မိန်းကလေးကိစ္စကိုမိန်းကလေးအချင်းချင်းဘဲဖြေရှင်းချင်တယ် ရှင်သွားပါတော့ '
' အင်းဒါဆိုကျောင်းသူလီဆာကိုယောင်းနဲ့ထားခဲ့လိုက်မယ် ကျောင်းသူလီဆာဒါကျောင်းအုပ်ကတော်နော်သူ့စကားကိုနားထောင်ပါ '
' ဟုတ်ကဲ့ ကျောင်းအုပ် '
ကျောင်းအုပ်ထွက်သွားတော့ထိုအမျိုးသမီးဟာလီ့ကိုတဖန်ပြန်ခြုံကြည့်လာကာသူ့လက်ထဲကစာအုပ်ကိုပိတ်လိုက်သည်။