11

1.4K 127 4
                                    

   ချယ်ကုတင်ပေါ်မှာလှဲနေရင်းလီ့အကြောင်းတွေးမိသည် လီဟာလေချယ်သိပ်ချစ်ရတဲ့လူသားလေးသူ့အပြုံးတွေမှာချယ်ငြိတွယ်ခဲ့တာ..ချယ်လေငယ်ငယ်တုန်းကလီကိုစတွေ့ခဲ့တဲ့နေ့ကိုအခုထိမှတ်မိနေသေးသည်.။

     ' အီးးးးဟီးးးးးမုန့်ကိုပြုတ်ကျအောင်လုပ်တယ် '

       တစ်ဖနီဟာချယ့်မုန့်ကိုပြုတ်ကျအောင်လုပ်မိသွားတာကြောင့် အားနာနေသည်ချယ်ဟာငိုနေတာကြောင့်ဘာဆက်လုပ်ရမယ်မှန်းလည်းမသိပေ ထိုအချိန်မှာလူကောင်သေးသေးလေးရဲ့လက်ဖဝါးလေးဟာချယ့်ပါးပြင်တွေကိုကိုင်တွယ်လာသည်။

    ' မငိုနဲ့နော်လီကမုန့်အသစ်ကျွေးမယ်လေ '

    ' အဟင့် အဟင့်တကယ်လားဟင် '

   ' တကယ်ပေါ့ ရော့ ဒီမှာချောကလက်စားကြည့်လေ '

     ချယ်ဟာထိုမုန့်ကိုစားကြည့်တာအတော်လေးစားကောင်းသည်။

    ' စားကောင်းတယ် '

   ' နာမည်ကဘယ်လိုခေါ်လည်းဟင် '

  ' ပါခ်ချယ်ယောင်း '

  ' ငါ့နာမည်ကလာလီဆာပါငါတို့နဲ့သူငယ်ချင်းလုပ်မလားဟင် '

   ' လုပ်မယ်လေနင်ကခင်ဖို့ကောင်းမှာ '

    လီဟာမျက်လုံးလေးတွေမှေးစင်းသည်အထိပြုံးပြနေခဲ့သည်။

     ထိုအချိန်မှစပြီးငါးယောက်သားသူငယ်ချင်းတွေဖြစ်ခဲ့သည် လီဆာဟာချယ့်ရင်ထဲကိုတဖြည်းဖြည်းတိုးဝင်နေခဲ့သည်။

     အလယ်တန်းဒုတိယနှစ်မှာချယ်ဟာလီဆာကိုချစ်မိခဲ့သည် အကြောင်းပြချက်ရေရေရာရာမရှိဘဲသူ့အပြုံးလေးငေးနေချင်သည် အနွေးဓာတ်လေးပေးချင်သည် အနေနီးတာနှင့်ဆက်စပ်နေမှာဆိုးလို့ချယ်နွေရာသီပိတ်ရက်မှာလီနဲ့မတွေ့ဘဲနေကြည့်ခဲ့သော်လည်း အဆင်မပြေစွာပိုတိုးချစ်မိသွားခဲ့သည်။

     အဲ့အချိန်မှာချယ် လီ့ ကိုချစ်မိသွားခဲ့သည် ချစ်မိပြီးတစ်နှစ်အချိန်ယူကာအထက်တန်းပထမဆုံးနေ့မှာလီ့ကိုဖွင့်ပြောခဲ့သည် အဲ့နေ့ကိုချယ်လုံးဝမမေ့ခဲ့ပေ ။

      အကုန်လုံးကိုတိုင်ပင်ကာလီ့ကိုစာကြည့်တိုက်မှာနှစ်ယောက်တည်းတွေ့ဖို့ခေါ်သွားခဲ့သည်။

Bond Of LoveWhere stories live. Discover now