' ချယ်သွားကြမယ်လေ '' အင်း လီ '
ချယ်တို့ဘဲလေးအကကတဲ့ဒရူးကိုအားပေးနေကြသည် အဖွဲထဲမှာမိန်းကလေးအဆန်ဆုံးကဒရူးနဲ့တစ်ဖနီပင် စာဂျပိုးတစ်ဖနီကပွဲတော်မှာကော်ဖီဖျော်တဲ့နေရာယူထားသည် သူအရမ်းအရှောင်ကောင်းတာပင် ။
' ဒရူးနင်အကောင်းဆုံးလုပ်နိုင်မှာ '
' ဟူးးးအဆင်ပြေမှာပါ '
' ကြိုးစားထားဒရူး '
' ငါပွဲထဲဝင်ရတော့မယ် ငါ့ကိုသေချာအားပေးနော် '
' ငါတို့ကနံပါတ်တစ်ပရိတ်သတ်တွေပါ'
ဒရူးဟာပြုံးကာစင်ပေါ်တက်ပြီး လီတို့ဟာအားပေးတဲ့နေရာမှာထိုင်နေကြသည် အဆောင်နှစ်ဟာအဝါရောင်အသုံးအဆောင်တွေကိုင်ရသည် အဆောင်တစ်ကအနီနှင့် အဆောင်သုံးကအပြာပင် အုပ်စုသုံးကန့်ခွဲကာထိုင်နေကြပြီးယောကျာ်းလေးတွေလည်းအဆောင်အလိုက်လာထိုင်ကာကြည့်နေကြသည် ။
' လီငါထင်တာဒရူးစိတ်လှုပ်ရှားနေတယ်ထင်တယ် မာရွန်မပါလာတော့ငါထင်တာသူသိပ်အဆင်မပြေဘူးထင်တယ် '
' ငါအကျယ်ကြီးအော်ပြီးအားပေးသင့်တယ်ထင်တယ် မာရွန်လုပ်ပေးနေကြလိုလေ '
' အင်း ငါတို့လုပ်ကြတာပေါ့ပွဲစီစဥ်သူမလာသေးဘူး '
' အယ်လ်ဒရူးးးဖိုက်တင်းနင်အကောင်းဆုံးလုပ်နိုင်တယ် '
' အယ်လ်ဒရူးအကောင်းဆုံးဘဲ '
အကုန်လုံးအတူတူအားပေးနေပေမယ့်လီတို့အသံကြောင့်အကုန်လုံးလီတို့ကိုဝိုင်းကြည့်နေသည် တည်ငြိမ်တယ်ဆိုတာစာလုပ်မှပါ စာမလုပ်ရင်လီတို့အုပ်စုကလည်းပေါက်ကရတွေလုပ်တက်သည်။
ချယ်နဲ့လီနဲ့မတ်တပ်ရပ်ကာအားပေးတော့ ဒရူးဟာပြုံးနေခဲ့သည်။
နောက်ဆုံးတော့ပွဲစကာ ဒိုင်တွေကအကဲဖြတ်ဖို့စောင့်ကြည့်ကြသည် အဆောင်တိုင်းကနေအဖွဲ့လိုက်ပြိုင်ဆိုင်ကြသည် လီတို့ဒရူးကိုယုံသည် ဒရူးဟာဟိုးငယ်ငယ်ကတည်းကဘဲလေးကလာတာပင် လီတို့သူနိုင်မယ်ဆိုတာယုံသည်။