ညနေဘက်မှာအဆုံးသတ်ပွဲအတွက်အကုန်လုံးအပြင်မှာဆုံကြသည် ကျောင်းတစ်ပတ်ကိုပတ်ပြေးပြီးအနိုင်ရသူကိုအဆုံးအဖြတ်ကာဘယ်အဆောင်နိုင်မလည်းအဆုံးအဖြတ်ပင် ဂျိန်း မာနိုဘန်ကိုရှာနေရင်းမာနိုဘန် ဟာနံပါတ်ကတ်ပြားနှင့်ထွက်လာတာကြောင့်ကြောင်သွားသည်။
' မာနိုဘန် ပြေးမလို့လား '
' မာရွန်အစားပါ မာရွန်နေမကောင်းဘူးအဆောင်နှစ်ကသူ့အစားငါကလူအစားထိုးပါ '
' ဒါကအရမ်းခက်တယ်မာနိုဘန် ပြေးရတာအဆင်ပြေမယ်မထင်ဘူး '
' ငါကြိုးစားကြည့်ပါမယ်ရူဘီ '
' နင့်သဘောပါမာနိုဘန် '
ပီ...
' လူစုမယ် လူစုမယ် '
' လီ နင်ကအကောင်းဆုံးနော် အရမ်းမောနေရင်ရပ်လိုက်ပါ '
' ငါအဆင်ပြေမှာပါချယ် '
ချယ် လီ့ကိုထပ်မံပွေ့ဖက်မိသည် အမောမခံနိုင်တဲ့လီ့ကိုဆိုးရိမ်မိသည်။
' အဆင်ပြေပါစေလီ '
' နင်ပေးတဲ့ကံကောင်းစေမယ့်ဟာလေးပတ်ထားတယ်လေ ငါအဆင်ပြေမှာပါချယ် '
.' အရူးမလေး '
' ငါသွားပြီနော် '
' အင်း လီ '
ပီ
လူတွေအများကြီးဟာနေရာယူကာဝီစီသံဆုံးတာနှင့်စပြေးကြသည်နောက်ဆုံးအနိုင်ရသူကသာပန်းဝင်နိုင်မှာပင် လူတွေဟာစတင်ထွက်ခွာသွားတော့ဂျိန်းတို့အကုန်ထိုင်စောင့်နေကြသည်။
နာရီဝက်ကြာနေပြီလူတွေဟာပေါ်မလာသေးပင်...အကုန်လုံးဘယ်အဆောင်ကလူတွေကျန်မလည်းဆိုတာစိတ်ဝင်စားနေကြသည် နောက်ဆုံးအဝါရောင်အကျီလေးနဲ့အပြာရောင်အကျီလေးကိုတွေ့တာကြောင့် အဆောင်နှစ်ကလူတစ်ယောက်နှင့်အဆောင်သုံးကလူတစ်ယောက်သာကျန်ကြောင်းသိလိုက်ရသည်
' ငါတို့အဆောင်ကလူကျန်သေးတယ်ဟေ့...'
တဖြည်းဖြည်းနီးကပ်လာတော့ ကျန်တဲ့သူဟာမာနိုဘန်ပင် ဂျိန်းယုံပင်မယုံနိုင်သူအဲ့လောက်ပြေးနိုင်သတဲ့လား ဒါပေမယ့်သူ့ကြည့်ရတာအခြေအနေသိပ်မကောင်းပုံပင်။
