' လီသေချာနားနော်ဒီနေ့ပင်ပန်းသွာပြီမဟုတ်လား '
' တစ်ဖနီငါအဆင်ပြေပါတယ် နင်တို့လည်းငါကြောင့်ပင်ပန်းနေတော့မှာ သေချာနားကြနော် '
' အင်း လီ '
အခန်းထဲဝင်တော့ ရူဘီကိုတွေ့သည် ရူဘီဟာသူ့မျက်ခုံးတွေကိုတွန့်ချိုးထားသည်။
' ပြောတော့အခန်းမှာတွေ့မယ်ဆို အခုတော့နင်ကပြန်လာတာနောက်ကျနေတယ် နင်ဘာလုပ်တာလည်း '
' မဟုတ်ဘူးရူဘီငါကလေအားကစားလုပ်နေလို့ပါနော် စိတ်မဆိုးပါနဲ့နော် နော်ရူဘီနော် '
မာနိုဘန်အခုဂျိန်းကိုချော့နေတာပင် ဂျိန်းကျေနပ်မိသား။
' မသိဘူး နင်ပြန်လာမယ်ဆိုလို့ငါကချက်ချင်းပြန်လာတာအခုကျနင်ကအပြင်ကနောက်ကျမှပြန်ရောက်တယ် '
.' ငါမှားသွားတယ်နော် နောက်ကျစောစောပြန်လာမယ်လေနော်ရူဘီ '
' ကတိပေး '
' အင်းငါကတိပေးပါတယ် '
' ဟွန့် ခွင့်လွှတ်ပေးလိုက်မယ် '
' နင်ကအရမ်းချစ်ဖို့ကောင်းတာဘဲရူဘီရယ် နင်အခုဘယ်လိုနေလည်းနေ့လည်ကနေလို့မကောင်းဘူးဆိုအခုသက်သာလား '
'သက်သာပါတယ် ဒါပေမယ့်နင့်ကိုတော့စိတ်ဆိုးတယ်နော် '
' ငါသိပါတယ် စိတ်မဆိုးနဲ့နော် ငါရေချိုးအုံးမယ်ပြီးရင်စာအတူလုပ်မယ်လေနော် '
' ပြီးတာဘဲ '
မာနိုဘန်ရေချိုးခန်းထဲဝင်တာနှင့်ဂျိန်းပြုံးလိုက်မိသည်။
' ချစ်စရာလေးတဲ့ ဟီးးး '
အဲ့ညကမာနိုဘန်နဲ့အတူစာလုပ်ခဲ့သည် အိပ်ခါနီးမှာမာနိုဘန်ဟာပြောသည်။
' ရူဘီ မိန်းကလေးအချင်းချင်းချစ်တာကိုနင်ဘယ်လိုမြင်လည်း '
ဂျိန်းအတော်လေးရင်ခုန်သွားသည် သို့သော်ကိုယ့်စိတ်ကိုထိန်းကာ။' အချစ်ဘဲလေမာနိုဘန် အချစ်ကအချစ်ဘဲပေါ့ '
ဂျိန်းမာနိုဘန်ကိုကြည့်တော့မာနိုဘန်ဟာပြုံးနေခဲ့သည် မုန့်ရသွားတဲ့ကလေးလိုအပြုံးမျိုးပင် ။