နှစ်ရက်ခန့်ကြာသောအခါ
ဒီနေ့ကကျောင်းစတက်ရမည့်ရက်ပင် လီတို့တစ်အုပ်စုလုံးတက်ကြွနေကြသည် မနေ့ကဘဲအဆောင်မှူးဟာကျောင်းဝတ်စုံတွေလာပေးတာမို့တော်တော်အဆင်ပြေလှသည် ။
ဆင်တူဝတ်စုံတွေနဲ့မို့တစ်ယောက်နဲ့တစ်ယောက်ပြုံးကာကြည့်နေကြသည်။
' နင်တို့အရမ်းကြည့်ကောင်းနေကြတယ်'
' နင်ကလှတာထက်ပိုစမတ်ကျနေတယ် ဘယ်လိုလုပ်မလည်းလီငါစိတ်မချလိုက်တာ '
' အရူးမလေး လာငါတို့အတန်းသွားတက်ကြမယ်နောက်တစ်နာရီဆိုအတန်းစပြီလေကားတွဲစီးရအုံးမယ်မဟုတ်လား '
' အင်းသွားကြမယ် '
လာကြိုတဲ့ကားတွဲလေးပေါ်တက်ကာကျောင်းကိုလာခဲ့သည် လီတို့အုပ်စုဟာနောက်ဆုံးကျန်ခဲ့တာပင် ကျန်တဲ့လူတွေကကိုယ်စီကိုယ်စီအဆောင်ပြန်သွားကြလေပြီ။
နောက်ဆုံးကျောင်းကိုရောက်တော့ကျောင်းသူတွေတင်မဟုတ်ဘဲ ကျောင်းသားတွေကိုပါတွေ့လာရသည် ။
' အိုးးးမိုက်တော့မိုက်တယ်ဟ...'
' ဒရူးတစ်နှစ်လုံးရည်းစားမထားဘူးဆိုတဲ့ကတိကိုမမေ့ပစ်လိုက်နဲ့နော် '
' ငါကောင်းကောင်းကြီးနားလည်ပါတယ် လာလေအတန်းဆီသွားကြမယ် '
ကျောင်းထဲဝင်လာတော့ထူးဆန်းတဲ့အကြည့်တွေကလီတို့ဆီရောက်လာသည် ထူးဆန်းတဲ့စကားသံတွေကိုလည်းကြားရသည်။
' ဝိုး အံ့သြစရာဘဲ နိုင်ငံခြားကျောင်းသူတွေ နောက်ဆုံးနှစ်ကတော့တကယ်မိုက်ပြီ'
' ဘုရားရေ ဆံပင်အတိုနဲ့ကျောင်းသူကမိုက်လိုက်တာ '
' ခနနေပါအုံး မိန်းကလေးတွေဖြစ်ပြီးဘာလို့အဲ့လောက်အရပ်ရှည်ကြတာလည်း'
' အမေရိကန်တွေလေငါ့အကောင် '
' မင်းဘယ်လိုသိတာလည်း '
' လွန်ခဲ့တဲ့ရက်ကတည်းကသူတို့အကြောင်းကနာမည်ကြီးနေတာ လှတယ်လို့နာမည်ထွက်လာတာကအံ့သြစရာတော့မဟုတ်ဘဲ တကယ်လှတယ် '' ဝိုးးးးတကယ်မိုက်တယ် ဆံပင်အတိုနဲ့တစ်ယောက်ကလုံးဝမိုက်တယ်လို့ခံစားရတယ် အကုန်လုံးထဲကနေကွဲထွက်နေတဲ့ပုံစံမျိုး ငါ့စတိုင်ဘဲ '
![](https://img.wattpad.com/cover/344377995-288-k146465.jpg)