ဆောင်းရာသီနဲ့အတူအထက်တန်းနောက်ဆုံးစာမေးပွဲဟာစတင်ခဲ့သည် ကျောင်းသားတွေဟာထိုအချိန်မှာတစ်နှစ်လုံးစာစာလုပ်ခဲ့သမျှကိုအစွမ်းကုန်အားထုတ်ဖြေကြရသည် ဘာသာရပ်တိုင်းကဂျိန်းအတွက်လွယ်ကူနေခဲ့သည် ဂျိန်းလိုချင်တဲ့ဆိုးလ်တက္ကသိုလ်ကဆေးမေဂျာကိုသေချာပေါက်အမှတ်မီမှရမှာပင်....။
ဘာသာရပ်တွေအကုန်လုံးဖြေကြပြီးတဲ့အခါ နောက်ဆုံးတစ်ရက်အဆောင်မှာနေပြီးနောက်နေ့ဆိုအဆောင်ကနေအကုန်လုံးပြန်ကြရတော့မည်လေ တစ်နှစ်တာလုံးအကြောင်းတွေကိုပြန်ပြောကာသူငယ်ချင်းတွေအလွမ်းသယ်နေခဲ့ကြသည် ဂျိန်းလည်းထပ်တူပင် ဂျိန်းမာနိုဘန်နှင့်မခွဲချင်သေး။
' မာနိုဘန်အခန်းပြန်ရအောင်လား '
' အင်း ဂျိန်း....'
အခန်းပြန်ရောက်တာနှင့်ကိုနေတဲ့ဂျိန်းကိုမာနိုဘန်ဟထွေးပွေ့လာသည်။
' မငိုနဲ့ရူဘီ ငါ့ကိုကြည့်စမ်းး ငါရှိတယ်လေ '
' ငါနင့်ကိုမခွဲနိုင်ဘူးလေ မာနိုဘန် ဟင့်အင်းမခွဲချင်ဘူးဟာ '
' ရူဘီ အချစ်လေး ငါတို့မခွဲရပါဘူး ငါတို့နေ့တိုင်းမတွေ့ဖြစ်ရုံဘဲ ငါကိုရီးယားမှာဘဲရှိနေမှာ ငါနင့်ကိုအမြဲလာတွေ့ပါ့မယ် '
' ချစ်တယ်မာနိုဘန် ငါနင့်ကိုအရမ်းချစ်တယ် '
' ငါလည်းနင့်ကိုချစ်တယ် ရူဘီ နင်သိတယ်မလား '
' ငါသိတယ်မာနိုဘန် '
' မငိုပါနဲ့ငါ့အချစ်ရယ် မငိုပါနဲ့ '
' မာနိုဘန်ရယ် '
ခွဲခွာမှုတွေကိုသိပ်စိတ်ပျက်လွန်းသည် အရမ်းနာကျင်ရသည် အလွမ်းဒဏ်ကိုခံစားရသည်။
' ရူဘီ လွမ်းတယ်အဟင့် အဟင့် '
ညဘက်ကြီးဖုန်းဆက်လာတဲ့မာနိုဘန်ဟာမူးနေပုံပင်။
' မာနိုဘန် မူးနေတာလား '
' အချစ်လေး ငါ့ကိုမလွမ်းဘူးလားဟင် '
' မာနိုဘန် အခုဘယ်မှာလည်း '
' သိဝူး '
' ဘန်.....တို့မေးနေတယ်လေဘယ်မှာလည်းလို့ '