ထိုနေ့မီစပြီးချယ်နဲ့ရူဘီဟာပိုမိုရင်းနှီးလာသည် တစ်ခါတစ်လေကျတော့လည်းရူဘီသဝန်တိုလို့သူတို့အတူရှိနေရင်လီရှောင်နေရတဲ့အခိုက်အတန့်တွေလည်းရှိသည် နောက်ပိုင်းမှာလီရုံးအလုပ်တွေခနနားထားရသည်ရူဘီသဝန်တိုကာစိတ်မချတာကြောင့်ဆိုပိုမှန်မည် ညသန်းခေါင်ကြီးဗိုက်ဆာတက်တဲ့ရူဘီဟာသူစားချင်တာမစားရရင်ငိုသည် လီချက်ကျွေးတာမဟုတ်ရင်လည်းငိုသည် လီ့အနားမှာဘဲကပ်နေချင်တဲ့ဇနီးလေးအနားမှာလီဟာမခွဲမခွာနေရသည်။
' မာနို.....'
' ပြောလေအချစ်လေးရဲ့ လီရှိတယ်လေနော် '
' အဟင့် ခါးကအရမ်းနာနေတယ် '
ကုတင်ပေါ်မှာမျက်နှာလေးရှုံ့မဲ့နေတဲ့ရူဘီအနားကိုသွားလိုက်သည် တဖြည်းဖြည်းဆူထွက်လာတဲ့ဗိုက်လေးကြောင့်ရူဘီဟာအလေးချိန်ကိုခံစားနေရသည်။
' သက်သာသွားမှာနော် လာလှဲလိုက်လီလီ ဗိုက်ကိုအကြောပြတ်တာသက်သာတဲ့အဆီလိမ်းပေးမယ်နော် ခါးကိုလည်းသက်သာအောင်လုပ်ပေးမယ်'
' ဟုတ် '
လှဲလိုက်တာရူဘီ ဗိုက်လုံးလုံးလေးကိုသေချာဆေးလိမ်းပေးပြီး ခါးလေးကိုသေချာနှိပ်နယ်ပေးသည် ရူဘီကိုယ်ဝန်ရတော့ကိုယ်ဝန်သည်တွေကိုပြုစုဖို့အတွက်သင်တန်းတွေကိုလည်းလီတက်ရောက်ခဲ့သလိုစာတွေလည်းအတော်လေးဖတ်ထားတာကြောင့်အခုလိုရူဘီနေရခက်နေချိန်မှာအကူအညီပေးနိုင်တာပင်။
' ဘေဘီ '
'ပြောလေအချစ်ရဲ့ '
' တို့ကိုချစ်သေးရဲ့လားဟင် '
' ဘယ်လိုမေးလိုက်တာလည်းလီ့အချစ်လေးရယ် ချစ်တာပေါ့သိပ်ကိုချစ်တာ '
' တို့ကဘာသာယာမှုမှမပေးတာအတော်ကြာနေပြီ မာနိုစိတ်ကုန်သွားမှာကြောက်တယ် '
' ဟော အဲ့လိုအတွေးမျိုးမတွေးပါနဲ့ လီလီတို့ကြိုးစားတာလေးအရာထင်ဖို့လီတို့စောင့်နေကြတာဘဲ သာယာမှုတွေကနောက်မှရှေ့ဆက်တာပေါ့အချစ် အခုတော့အချစ်ကျန်းမာရေးနဲ့ဟော့ဒီဗိုက်ထဲကသမီးလေးကအဓိကဘဲ '