' ဘာလုပ်နေတာလည်း ရူဘီ '
' အာ....ဝိုင်သောက်မလို့ '
ညဘက်ကြီးအခန်းထဲကထွက်သွားတဲ့ရူဘီဂျိန်းကြောင့် လီဆာတစ်ယောက်အိပ်နေရာကနေလန့်နိုးလာလေသည်။
' ကလေးအိပ်နေပြီမဟုတ်ဘူးလား '
' ရူဘီထသွားတော့ရုတ်တရက်နိုးလာတာ '
' ဟုတ်လား ဒါဆိုပိုကောင်းတာပေါ့ '
ရူဘီဂျိန်းဟာသူ့အကြံနဲ့သူမို့စိတ်ထဲအတော်လေးဘဝင်ကျသွားသယောင်ပင်
' လာ မာနို အတူတူသောက်ရအောင် '
' အင်း '
နှစ်ယောက်သားဝိုင်သောက်ရင်း ကိုးနှစ်အတွင်းဖြတ်သန်းခဲ့ကြတာတွေကိုပြန်ပြောနေကြသည်။
' မာနိုသိလားအဲ့တုန်းကဆိုအချစ်ရေးကိုအရမ်းစိတ်ကုန်ခဲ့တာ ဘယ်သူ့ကိုမှလည်းထပ်မချစ်နိုင် စိတ်နာပေမယ့်ရင်ထဲကနေချစ်နေ သိပ်ခံရခက်တာ '
' လီ တောင်းပန်တယ်နော် '
' အရူးကောင်တောင်းပန်မယ့်အစားချစ်ပေးရမှာမသိဘူးလား '
' ချစ်တယ်နော် '
' ငါမရှိတဲ့ကိုးနှစ်မှာဘယ်လိုနေခဲ့လည်းမာနို'
' အလုပ်ကြိုးစားခဲ့တာပေါ့ရူဘီ ငါနင့်ကိုမေ့ဖျောက်လို့ရအောင်ကြိုးစားခဲ့တာ '
' ဘာ...အရူးကောင် '
' ငါရွေးခဲ့တဲ့လမ်းကနင့်ဆီပြန်လာဖို့မသင့်တော်ခဲ့ဘူးလေ ဒါကြောင့်မို့ပါ '
' ဒါဆိုဘာလို့ပြန်လာခဲ့လည်း '
' နင့်အပြုံးတွေကိုငါထပ်မမြင်ရမှာကြောက်လို့ တကယ်လို့ငါသာလက်ထပ်လိုက်ရင် နင့်အပေါ်ထားတဲ့ငါ့အချစ်တွေကိုတက်နိုင်သလောက်မေ့ဖျောက်နိုင်အောင်ကြိုးစားမယ့်အခြေအနေမို့ ငါချစ်ခွင့်ရနေတုန်းအချိန်လေးမှာနင့်အပြုံးလေးထပ်မြင်ချင်ခဲ့တာ '' အိမ်မက်ဆိုးဘဲမာနို ငါနင်လက်ထပ်မယ်လို့သိသိချင်းတုန်းကဆိုငါ့နှလုံးသားတစ်ခုလုံးလစ်ဟာသွားသလိုခံစားရတယ် အဲ့အချိန်မှာငါ့အတွေးကနင့်ကိုမရရတဲ့နည်းနဲ့လက်ထပ်နိုင်ဖို့ဘဲ '