အိမ်ပြန်ရောက်တော့ဒယ်ဒီပို့တဲ့ပါဆယ်ဗူးကိုဖွင့်လိုက်တာနှင့်မာမီမှတ်စုကိုတွေ့ရသည် မာမီဟာသူ့ရဲ့လူငယ်ဘဝမှာသူဟာဘယ်လောက်လွတ်လပ်ခဲ့ကြောင်းဘယ်လောက်ပျော်ခဲ့ကြောင်းအပြင် သူ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိကြောင်းရေးထားသည် ထိုအမျိုးသမီးနာမည်မှာ 'ဂင်ဆူယောင်း'ဖြစ်လေသည်။
မာမီဟာထိုအမျိုးသမီး'ဂင်ဆူယောင်း'တဖြစ် မာမီအချစ်ဆုံးသူငယ်ချင်းဟာသူ့ကိုဘယ်လောက်ချစ်ကြောင်း ဘယ်လောက်အလေးထားကြောင်းနဲ့ဘယ်လောက်သူငယ်ချင်းတွေအချင်းချင်းနားလည်ကြောင်းရေးထားတာကိုဖတ်ရင်းလီပြုံးလိုက်မိသည်။
သို့သော်ဖတ်နေရင်းပင် မာမီဟာဝမ်းနည်းသယောင်ရေးထားတဲ့စာကိုလီဖတ်မိသည် အကြောင်းပြချက်မှာ မာမီဟာသူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူဟာသူနိုင်ငံခြားထွက်တော့အဆက်အသွယ်မရှိတော့ကြောင်း သူ့ကိုပင်အရေးတယူမဖိတ်ဘဲကိုရီးယားတွင်လက်ထပ်သွားကြောင်း မာမီနှင့်ဒယ်ဒီလက်ထပ်ပွဲအတွက်ဖိတ်ကြားခဲ့သော်လည်း စာမလာအကြောင်းမပြန်သည့်အပြင် လက်ထပ််ပွဲကိုလည်းမတက်ရောက်တာကြောင့် သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သည့်'ဂင်ဆူယောင်း 'ဆိုတဲ့အမျိုးသမီးဟာမာမီကိုစိတ်ဆိုးနေတာဟုမာမီဟာရေးထားလေသည်။
'ငါဘာမှားလို့လည်းဆူယောင်းရယ် နင်ငါ့ကိုအဆက်အသွယ်လည်းမလုပ် ငါ့ကိုလည်းမဆက်သွယ်ဘဲ ငါ့လက်ထပ်ပွဲကိုတောင်ဘာကြောင့်မလာရတာလည်း ငါ့ကိုစိတ်ဆိုးနေသလားဆူယောင်း စိတ်ဆိုးနေတယ်ဆိုလည်းဘာကြောင့်လည်းဟာ ငါ့မှာသူငယ်ချင်းဆိုလို့နင်ဘဲရှိခဲ့တာ ' မာမီစာကြောင့်ဝမ်းနည်းမိသွားသည်မာမီဟာသူ့သူငယ်ချင်းကိုအတော်သံယောဇဥ်ကြီးပုံပင် ။
မှတ်စုကိုပိတ်ကာ ဓာတ်ပုံကိုကြည့်တော့မာမီဆယ်ကျော်သက်အရွယ်တုန်းကပုံတွေနှင့် ဂင်ဆူယောင်းလို့ခေါ်သည့်အမျိုးသမီးနှင့်မာမီတို့အတူတွဲရိုက်ထားသည့်ပုံတွေဟာအများအပြားပင်။
' မာမီအများကြီးပြုံးနေခဲ့တာဘဲ လွမ်းနေတာမာမီ 'လီထိုဓာတ်ပုံလေးကိုပြုံးပြီးကြည့်နေခဲ့မိသည် ဒီအချိန်မာမီသာအနားမှာရှိနေခဲ့ရင် လီဟာမိန်ူကလေးတစ်ယောက်ကိုချစ်မိနေကြောင်းနှင့်လီ့နှလုံးသားပိုင်ရှင်မိန်းကလေးဟာသိပ်ချစ်ကောင်းကြောင်းမာမီကိုပြောပြချင်မိသည်။
