ချယ်ဒီတလော လီနဲ့ခပ်လှမ်းလှမ်းနေရာမှာသာရှိနေခဲ့သည် ဘယ်လိုဘဲသူငယ်ချင်းအနေနဲ့ဖြစ်နေစေကာမူ ချယ့်နှလုံးသားဟာလီ့ကိုအလိုရှိနေခဲ့သည်လေ ဘယ်လောက်ဘဲချစ်ချစ် ဘယ်လိုဘဲပိုင်ဆိုင်ချင်သည်ပြောပြော ရူဘီဂျိန်းကိုတော့လီ့ချစ်သူကောင်မလေးအနေနှင့်စိတ်မလုံခြုံမှုမခံစားစေချင်ပေ ။
ဒါဟာချယ့်စိတ်ရင်းအမှန်ပါ ကိုယ့်ချစ်သူအနားမှာတခြားတစ်ယောက်ဟာ ဘယ်အချိန်သူ့ဆီလာမလည်းစောင့်နေတာက ဘယ်လောက်စိတ်ညစ်ဖို့ကောင်းမလည်း ချယ်ဟာသဝန်တိုတက်သူမို့ထိုစိတ်ခံစားချက်ကို တစ်ဖက်သက်ချစ်နေရကတည်းကကောင်းကောင်းကြီးသိသည်။
အထူးသဖြင့်တော့ချယ့်ကြောင့် လီရဲ့အချစ်ရေးကိုအထိခိုက်မခံစေချင်တာကြောင့်ပါဘဲ ဒီတလောလီဟာအရင်လိုအေးတိအေးစက်မဟုတ်ဘဲအရမ်းတက်ကြွလာသည် သူ့အာလပ်ချိန်တွေကိုလည်းရူဘီဂျိန်းနဲ့သာကုန်ဆုံးပြီးပျော်နေတာကိုမြင်တော့ ချယ်ဝမ်းလည်းနည်းမိသလို ပျော်လည်းပျော်မိပါတယ် ဘာဘဲဖြစ်ဖြစ်သူပျော်နေဖို့ကအဓိကပါဘဲ ။
' ချယ်...'
' အာ တစ်ဖနီ '
' နင်ငေးနေပြန်ပြီလား '
မြင်နေရတဲ့လီ့နောက်ကျောလေးကိုမြင်ကာသက်ပျင်းချလိုက်သည်။
' သူပျော်နေတာလေးကိုငေးရတာဘယ်လောက်ကောင်းလိုက်လည်းတစ်ဖနီ '
' ချယ် နင့်စိတ်မညစ်ပါနဲ့တကယ်လို့နင်အဆင်မပြေဘူးဆိုနောက်တစ်ယောက်ပြောင်းကြိုက်ကြည့်ပါလား '
' ငါ့ဘဝမှာကြိုက်တဲ့လူရောချစ်တဲ့သူရောကတစ်ယောက်ဘဲရှိတယ်တစ်ဖနီ ပြောင်းလဲချင်တာတောင်ငါ့စိတ်နဲ့ငါ့နှလုံးသာကပေးမပြောင်းလဲဘူး '
' နင်တို့နှစ်ယောက်အတွက်ဘယ်လိုနည်းကမျှတလည်းငါတို့မသိတော့ပါဘူး '
' တစ်ချိန်တော့ သူငါ့အချစ်တွေကိုမြင်လာမှာပါ ဒါကစောင့်နေတာမဟုတ်ဘဲ တိတ်တဆိတ်ချစ်နေခြင်းပါဘဲ တစ်ဖနီ '
တစ်ဖနီဟာဘာမှမပြောတော့ဘဲအရှေ့ကိုသာပြန်ကြည့်နေသည်။
' ကဲ ကလေးတို့ကိုပြောစရာရှိတယ် နောက်လအဆုံးအဖြတ်စာမေးပွဲမဖြေခင်မှာ ကျောင်းကအထက်တန်းနောက်ဆုံးနှစ်တွေအတွက် ဂျယ်ဂျူဒိုကျွန်းကိုပျော်ပွဲစားလိုက်ပို့ပေးမှာဖြစ်ပါတယ် '