51

1.8K 129 3
                                    

လက်ထပ်ပွဲကိုအမေရိကားမှာသေချာကျင်းပခဲ့သည် အဲ့နောက်မှာတော့ရူဘီဟာဒီ့ထပ်ပိုချင်တဲ့အ‌ခြေအနေအပြင်အသက်အရွယ်အရရောလီတို့ကလေးယူဖို့ပြောလာတာကြောင့်ခက်ခဲပေမယ့်လီတို့ကြိုးစားဖို့ဆုံးဖြတ်ခဲ့ကြတာတိတ်တဆိတ်ကြိုးစားခဲ့ရသည် အမေရိကားရဲ့နာမည်ကြီးဆေးရုံတစ်ခုအကူအညီဖြင့်လီတို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အသွေးအသားလေးကိုဖန်ပြွန်သန္ဓေသားနဲ့ဂျိန်းဗိုက်လေးထဲ‌ဖန်တီးခဲ့ကြသည် ခက်ခဲတဲ့အရာမို့အောင်မြင်ပါ့မလားဆိုတာကိုစိတ်လှုပ်ရှားနေမိသည်။

သန္ဓေသားခန်းထဲကအတူထွက်လာသည့် နောက်ခနအကြာမှာရူဘီအနားကိုသွားလိုက်သည် ရူဘီဟာကုတင်ပေါ်မှာလှဲနေတုန်း။

' အဆင်ပြေရဲ့လားဟင် နေရတာသက်သာရဲ့လား '

' မာနို.....'

' ပြောလေ '

' ငါနင်နဲ့ရတဲ့ကလေးလိုချင်တယ် '

' ရမှာပါ လီတို့မရမချင်းကြိုးစာကြမှာနော် '

' မာနို '

' ဘာလိုလည်းဟင် ငါ့ကိုပြောနော် '

' ငါ့အနားမှာရှိနေပေးပါ '

' ငါရှိတယ်နော်ငါရှိတယ်အချစ်ရယ် '

ပင်ပန်းနေတဲ့ရူဘီဟာအိပ်ပျော်သွားခဲ့သည် တစ်ပတ်လောက်စောင့်အပြီးမှာတော့ဆရာဝန်ဆီကဆေးစစ်ချက်ကိုလီတို့စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြသည် ဂျယ်ယောင်းတို့အတွဲမှာလည်းလီတို့အနားမှာရှိနေပေးခဲ့ကြသည်။

' အံ့သြစရာဘဲဗျာ တစ်ခါတည်းနဲ့မျိုးဥအောင်သွားတယ်ဒါကလည်းလီဆာဆီကမျိုးဥကကျားဟော်မုန်းအားများတာကြောင့်ပါ အခုဆိုခင်ဗျားတို့နှစ်ယောက်ရင်သွေးလေးစဖြစ်တည်နေပါပြီ '

' တကယ် တကယ်ပါနော်ဒေါက်တာ'

' တကယ်ပါ စစ်ဆေးချက်ကလွဲစရာမရှိပါဘူးအခုတော့အိမ်ပြန်လို့ရပါပြီနောက်လေးလနေရင်တော့ပြန်လာခဲ့ကြပေါ့စစ်ဆေးဖို့ '

' ဟုတ်ကျေးဇူးပါဒေါက်တာ '

' မာနိုငါ့မှာနင်နဲ့ရတဲ့ကလေးရှိပြီ ငါနင်နဲ့ရတဲ့ကလေးလေးပိုင်ဆိုင်ရတော့မယ် '

Bond Of LoveWhere stories live. Discover now