အဆောင်ပြန်ရောက်တော့ဂျိန်းနားနေခဲ့သည်။' လီ ဒီညလည်းငါတို့နဲ့လာအိပ်လေ '
' ရတယ်ချယ်ဒီညတော့အခန်းမှာဘဲအိပ်တော့မယ်သေချာအိပ်နော်မနက်ကျအတန်းတက်ရမယ် '
' ဟုတ်ပါပြီ ဒါဆိုကောင်းသောညလေးဖြစ်ပါစေနော် လီ '
' ကောင်းသောညလေးဖြစ်ပါစေချယ်'
လီအခန်းထဲဝင်ဝင်ချင်းရူဘီကိုတွေ့လိုက်ရတာကြောင်ြလန့်သွားသည် သူဒီညလည်းပြန်မလာဘူးထင်နေတာလေ ။
' ပြန်လာပြီလားမာနိုဘန် '
' အင်းရူဘီ '
'ငါပြောစရာရှိလို့ '
' ပြောလေရူဘီ '
' ဟို...အာ..ဘာမှမဟုတ်တော့ပါဘူး ငါအိပ်တော့မယ် '
လီ့မျက်ဝန်းရှေ့မှာတစ်ယောက်တည်းတွေးပြီးစကားတွေပြောကာစကားလမ်းကြောင်းလွဲသွားတဲ့ရူဘီကိုကြည့်ကာပြုံးလိုက်မိသည် သူတစ်ခုခုကိုတွေးနေချိန်ဆိုသူ့ပါးလေးတွေဟာပိုဖောင်းနေတက်သည်။
' အာ...အိပ်တော့လေ 'မာနိုဘန်ဟာရေချိုးခန်းထဲဝင်သွားတော့ ရူဘီကုတင်ပေါ်လှဲချလိုက်သည် ကိုယ့်ကိုကိုယ်ဘာတွေလုပ်နေမိမှန်းပင်မသိတော့ပေ...။
ဒုတ်...
တံခါးပိတ်သံနှင့်အတူညအိပ်ဝတ်စုံနှင့်မာနိုဘန်ဟာပြန်ထွက်လာပြီးအပေါ်ထပ်တက်သွားသည် သူအတော်ကြည့်ကောင်းသည် ရေစိုနေတဲ့သူ့မျက်နှာလေးဟာဖြူဖွေးအုနေတာဘဲပင် ဂျိန်းဟာမိန်းကလေးတစ်ယောက်ဖြစ်ပြီးဘာကြောင့်မာနိုဘန်လိုမိန်းကလေးတစ်ယောက်ကိုအခုလိုတွေးနေမိလည်းမစဥ်းစားတက်တော့ပေ။
တစ်ပတ်ခန့်ကြာသော်
ဒီနေ့ဟာအမှတ်စာရင်းတွေထွက်မယ့်နေပင် အဆောင်တိုင်းဟာရင်ခုန်နေကြသည် ဘယ်အဆောင်ကလူဟာအဆင့်၁ရမယ်ဆိုတာပင် နောက်ပြီးဘယ်အဖွဲ့ကပိုသာမည်ဆိုတာပင် ။
ဂျိန်းစာသင်ဆောင်ကနေထွက်ကာအမှတိစာရင်းကြည့်ဖို့သွားချင်ပေမယ့် မိုးရွာနေတာကြောင့်အဆင်မပြေပေ ထီးလဘ်းယူမလာတာကြောင့်အတော်အခက်တွေ့နေသည်။
