23

1.2K 116 14
                                    

    ' ရူဘီ ချစ်လားဟင် တို့ကိုချစ်လား '

    ' ချစ်တာပေါ့ မာနိုဘန်လေးမူးနေပြီ လှဲနေနော် '

   ' မနေဘူးလို့...ရူဘီရင်ခွင်ထဲဝင်နေမယ် '

    ' ဟော ဝင်ရမယ်လေကွယ် အခုတော့လှဲပြီးအိပ်မယ်နော် '

   ' မရဘူးလို့ အဟင့်...ရူဘီကငြိုငြင်နေပြီ '

  ' အယ် ဘယ်မှာငြိုငြင်လို့လည်းကွယ် '

  ' ငြိုငြင်နေပြီးတော့ကြည့်ပါလားလူကိုစိတ်မရှည်သလိုပြောနေတာ ရူဘီက မခေါ်ဘူးသွား သွားရူဘီနဲ့မအိပ်ဘူး '

      မူးနေတာကြောင့်လက်လေးနဲ့စမ်းကာတစ်ဖက်အိပ်ယာကိုသွားဖို့ပြင်နေတာကြောင့်ဂျိန်း မာနိုဘန်ကိုအိပ်‌ရာပေါ်ဆွဲချလိုက်သည်။

    ' ဘာလို့ဆိုးနေတာလည်းကလေးက '

   ' ရူဘီကမချစ်တော့ဘူး '

  ' ကလေးကိုဘယ်သူပြောလည်း '

   ' ရူဘီလေသံကစိတ်မရှည်သလိုမျိုးအဟင့် '

   ' ကလေးကိုအိပ်စေချင်လို့ပြောတာနော် ညနက်နေပြီလေအိပ်ကြရအောင်နော် '

    ' ဒါဆိုရူဘီကချစ်တယ်ပေါ့ '

   ' အင်းအရမ်းချစ်တာ ကြည့်ပါအုံးကလေးလေးပါးတွေနီနေပြီ  ဘာလို့အများကြီးသောက်လိုက်တာလည်းကွယ် '

     ' မများပါဘူးနည်းနည်းလေး '

    အိပ်ရာပေါ်မှာလှဲနေတဲ့လီဆာဟာအပေါ်ကနေအုပ်မိုးထားတဲ့ဂျိန်းရင်ခွင်ထဲတိုးဝင်နေလေသည်။
   
    ' ကလေး တို့ကိုအသည်းယားအောင်သိပ်မလုပ်နဲ့ကွယ် '

   ' မလုပ်ပါဘူးရူဘီရဲ့ အာဘွားပေးမယ်နော် '

     နှုတ်ခမ်းလေးဆူကာဂျိန်းပါးကိုနမ်းလာတာကြောင့်ဂျိန်းအတော်လေးအသည်းယားမိတာကြောင့်ထိုနှုတ်ခမ်းပါးလေးကိုသိမ်းပိုက်လိုက်တော့ အိပ်ရာပေါ်ကိုရောက်သွားကာမာနိုဘန်ဟာတစ်ဖန်ပြန်လည်အုပ်မိုးပြီးလည်တိုင်တွေကိုအနမ်းမိုးရွာချနေလေသည် တည်ငြိမ်သူလေးဟာ အခုတေည့သိပ်ကိုချွဲနေလေရဲ့။

    ' ရူဘီကိုချစ်တယ် '

  ' ရူဘီကလည်းသိပ်ချစ်တာနော် '

Bond Of LoveWhere stories live. Discover now