43

1.6K 120 6
                                    

' ဟယ်လို....'

' လီလီ ရေခဲမုန့်စားမလား '

' စားမယ် ချယ် '

' ဒါဆိုချယ်လာခေါ်မယ် အရမ်းစားကောင်းတဲ့ရေခဲမုန့်တစ်ဆိုင်တွေ့ထားတယ်လီလီ '

' ဒါဆို လီလီ ပြင်ဆင်ပြီးစောင့်နေမယ်နော် '

ကျသွားတဲ့ဖုန်းကိုချကာချယ်သက်ပြင်းချလိုက်သည် လီဟာချယ့်ကိုသူငယ်ချင်းတစ်ယောက်လိုသာချစ်မှန်းချယ်သိနေသည် ဘယ်လိုလုပ်မလည်းလီလီ ချယ်ကတော့လီလီကိုအရမ်းချစ်တာဘဲ။

မနေ့ကဂျယ်ယောင်းဟာအမေရိကားပြန်သွားလေသည် ဒါကြောင့်မို့

ခွမ်းးဒုန်းးးး

' သမီးဂျိန်း ဒါဘာလုပ်တာလည်း '

' အဖေ...အဖေကမာနိုကိုခြိမ်းခြောက်ခဲ့တာပေါ့ဟုတ်လား အဖေချိန်းခြောက်ခဲ့လိုမာနိုနဲ့အခုလိုဝေးရတာပေါ့ '

' သမီးဘာကိုပြောနေတာလည်း '

ဂူထယ်တစ်ယောက်မျက်ရည်တွေကျကာပေါက်ကွဲနေတဲ့သူ့သမီးကိုကြည့်ကာအတော်လေးပြာယာခတ်နေလေသည်။

' လွန်ခဲ့တဲ့ကိုးနှစ်က အဖေဒီအခန်းထဲမီာမာနိုကိုခြိမးခြောက်ခဲ့တာမဟုတ်လားဂျိန်းဘဝထဲကထွက်သွားဖို့ '

' သမီးကိုဘယ်သူပြောတာလည်းအဖေ့ကိုပြောစမ်း သမီးအမေလား '

' အမေနဲ့မဆိုင်တဲ့ကိစ္စဘဲ ဘာလို့အမေကိုခုတုံးလုပ်ရတာလည်း ဘာလို့လည်း ချစ်မိခဲ့တာကဂျိန်းပါ ဂျိန်းပါအဖေရဲ့ဘာလို့တခြားသူတွေကိုနာကျင်အောင်လုပ်လိုက်ရတာလည်း '

' အဖေ သမီးကိုချစ်လို့လေ သမီးကိုလူတွေဝိုင်းလက်ညိုးထိုးမှာအဖေမလိုလားဘူး '

ဂျိန်းဟာရှိုက်ကြီးတငင်ငိုကြွေးတော့သည် ။

' ဒါကြောင့်မို့အမေ့အသက်အန္တာရာယ်နဲ့ခြိမ်းခြောက်ခဲ့တာပေါ့လေ ဂျိန်းအနာဂတ် ဂျိန်ူမိသားစုတစ်ခုလုံးနဲ့ခြိမ်းခြောက်ခဲ့တာပေါ့ဟုတ်လားအဖေ ဂျိန်းကတော့အမြဲတမ်းအဖေကသမီးဘက်ကလို့ထင်နေခဲ့တာ တခြားသူတွေလက်ညိုးထိုးနေရင်တောင် အဖေကတော့ဂျိန်းရွေးချယ်မှုတွေကိုထောက်ခံမယ်ထင်ခဲ့တာ အခုတော့ အခုတော့အကုန်ပျက်စီးသွားပြီ '

Bond Of LoveWhere stories live. Discover now