' ရူဘီ '
' ပြောလေကလေးလေး '
' ဟိုကိုရောက်ရင်လီလီအနားဘဲနေနော် ဒယ်ဒီစိတ်ဆိုးနေလည်းလီလီကစိတ်ဆိုးပြေအောင်လုပ်မှာမို့ရူဘီကတော့လီ့အနားဘဲနေနော် '
ဘာမှမသိသေးတဲ့ကလေးငယ်ဟာဂျိန်းအတွက်စိတ်ပူနေပုံပင်။
' ဘာမှမပူပါနဲ့ကွယ် လီလီအနားမှာအမြဲရှိနေမှာမို့ '
' ကျေးဇူးပါရူဘီအရာရာအတွက် '
' ငါလည်းကျေးဇူးတင်တယ်နော် ငါ့အပိုင်လေးဖြစ်ပေးလို့ '
ဂျိန်းအချစ်လေးဟာအိပ်ပျော်သွားလေသည် ရေချိုးခန်းထဲကဇာတ်လမ်းအရှိန်ကြောင့်သိပ်အိပ်ငိုက်နေပုံပင် ဂျိန်းလည်း သူ့ရင်ခွင်ထဲတိုးဝင်တော့ သူသေချာဖက်ပေးတဲ့အခါမှာတော့အိပ်ပျော်သွားလေသည်။
' မာနိုကလေးငယ် ထတော့တို့တွေအမေရိကားပြန်ရောက်ပြီ '
' ရူဘီ ဖက်ထားပေးအုံးအေးတယ် '
' အေးတယ်ဆိုတာသိတယ်အနွေးထည်ဝတ်မယ်နော် အပြင်မှာနှင်းတွေကျနေတယ်အိမ်ရောက်မှဆက်အိပ်ရအောင်ကလေးငယ် ထတော့နော် '
' ဟုတ် '
အိပ်ချင်မူးတူးထထိုင်တဲ့ကလေးကိုအနွေးထည်ဝတ်ပေးကာ အတူလေယာဥ်ပေါ်ကဆင်းလာသည်နှင့်။
' လီလီ '
ထိုအသံကြောင့်အရှေ့ကိုအကြည့်ရောက်သွားတော့ချယ်ယောင်းနှင့်လီလီသူငယ်ချင်းတွေပင် ဟုတ်သားဘဲသူတို့လာကြိုမယ်ပြောထားတာကို ချယ်ယောင်းဟာမာနိုအနားပြေးကာလာဖက်သည်။
' လီလီမတွေ့ရတာကြာပြီဒီတလောအတွင်းအဆင်ပြေရဲ့လားဟင် '
' ငါအဆင်ပြေပါတယ်ချယ်နင်ရော '
' ပြောစရာမလိုအောင်အဆင်ပြေပါတယ် အိမ်ပြန်ကြမယ်လေအိမ်မှာအန်ကယ်စောင့်နေတယ် '
' ဒယ်ဒီကငါပြန်လာမှာကိုသိတယ်ပေါ့ '
' သိတယ်လေရူဘီဂျိန်းပြောထားလို့ '
' ရူဘီ ဒယ်ဒီနဲ့ပြောထားတာလား '
ချယ်ယောင်းကိုဖက်ထားရာကခွာကာဂျိန်းကိုမေးခွန်းထုတ်လာတဲ့ကလေးကြောင့်စောနကသဝန်တိုစိတ်နှင့်ရောယှက်ကာကလေးပါးလေးကိုနမ်းလိုက်သည်။