intro

129K 3.5K 400
                                    

unicode

အလုပ်ပိတ်ရက်ကလေးမို့ ကျွန်တော့်စိတ်ထဲအတော်လေးကြည်သာမိသည် ။ပြောင်းလာတာ တစ်‌လကျော်ပြီဖြစ်တဲ့ အိမ်ကလေးကလည်းနေပျော်တာကြောင့် ဒီရက်တွေထဲ စိတ်ချမ်းသာမိပါသည် ။

အံဆွဲထဲက ခေါက်ပိုက်ဆံအိတ်လေးကို ထုတ်ပြီး အထဲကိုဖွင့်ကြည့်လိုက်တော့ ပိုက်ဆံလေးတွေက အထပ်လိုက်ရယ် ။ ကျွန်တော်က တအားကြီးချမ်းသာတဲ့သူတော့ မဟုတ်ပေမယ့် အလုပ်အကိုင်လေးနဲ့ဆိုတော့ တစ်ယောက်တည်းဖို့က ပိုပိုလျှံလျှံအမြဲရှိသည်လေ ။ မေမေတို့ဖေဖေတို့ကလည်း ဒယ်ဂူမှာ ကိုကိုကြီးတို့နဲ့အတူတူရှိနေကြတာဆိုတော့ လစာတွေဘာတွေလွှဲပေးစရာမလိုဘူးရယ် ။

ကိုကိုကြီးတို့နဲ့ကိုကိုငယ်ကတောင် တစ်ခါတစ်ခါကျွန်တော့်ကို မုန့်ဖိုးလွှဲပေးသေးတာ ။

မိသားစုလောင်းရိပ်အောက်နေရတာကအပူအပင်ကင်းပေမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ယောက်ျားတစ်ယောက်အနေနဲ့တော့ လောကဓံဆိုတာကို သိချင်သေးသည်လေ ။

ထို့ကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ဆိုးလ်မှာ အလုပ်လာလုပ်နေခဲ့တာဖြစ်သည် ။ ကျွန်တော့် အလုပ်ကတော့ guide ဆရာလေ ။

ငယ်ငယ်တည်းက အတန်းဖော်အချင်းချင်းကိုရော ၊ ၀မ်းကွဲ ညီတွေ ညီမတွေကိုပါ စာပြပေးရတာ ဝါသနာပါခဲ့တာလေးကို အခုလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည် ။

ကျောင်းဆရာကတော့မလုပ်ခဲ့ရသည်က ကိုကိုငယ်က ခွင့်မပြုလို့ပေါ့ ။ ကိုကိုငယ်က ကျောင်းဆရာဆိုရင် ပိုပြီး ပင်ပန်းလိမ့်မယ်ဆိုပြီး မလုပ်ခိုင်းတာ ။ ဒါ့ကြောင့်အခုလို guide ပဲပြနေရတာ ။ ဒါပေမယ့်လည်း ကိုကိုငယ်ရဲ့စကားကို နားထောင်တာမှန်သွားသည် ။ အခု တစ်နေ့ကို နာရီပိုင်း guide ပြရုံလောက်ကတင် တော်တော်လေးပင်ပန်းသည် ။

ကျောင်းမှာတစ်ချိန်လုံးစာထိုင်ပြဖို့သာဆို တွေးတောင်မတွေးရဲပါလေ ။

ကျောင်းဆိုမှ ခေါင်းထဲကို၀င်လာတဲ့ အတွေးလေးတစ်ခု ။ ဘေးအိမ်က‌ဒေါ်လေးရဲ့ သားလေးလည်း ဒီနေ့ကျောင်းပိတ်တာပဲ ။

မုန့်လေးဘာလေး၀ယ်ကျွေးဦးမည် ဆိုသည့်အတွေးလေးနှင့် အိမ်ထဲကနေ ထွက်လာခဲ့လိုက်တော့ ။

RODEO | KVWhere stories live. Discover now