episode 3

33.7K 2.5K 311
                                    

unicode

'ဂျောက်'

‌ရေချိုးခန်းထဲမှ ခြေတွေလက်တွေဆေးပြီး ထွက်လာသော ထယ်ဟျောင်းသည်တံခါးကိုညင်သာစွာပင် ပြန်ပိတ်လိုက်သည် ။ hoodie မီးခိုးရောင်လေးနဲ့ pajamas အကွက်လေးကို တွဲ၍၀တ်ဆင်ထားကာ ‌အပူချိန်ငွေ့ငွေ့ရှိနေသဖြင့် မျက်‌နှာလေးကတော့ ခပ်ရဲရဲဖြစ်နေ၏။

နေ့ခင်းက ဟိုကိုရီယား-အမေရိကန်ကပြားဆိုတဲ့ကောင်က သူ့ကိုရေနဲ့ပတ်သွားခဲ့သည့်အကျိုးဆက်ပေါ့ ။ ထိုရေစို၀တ်ကြီးနဲ့ တစ်လမ်းလုံးနေခဲ့ရပြီး အိမ်ရောက်မှလဲရတာ။

ဒေါသတွေလည်းတစ်လိပ်လိပ်ထွက်နေတာကြောင့် စိတ်ပြေသွားအောင် တစ်ရေးအိပ်လိုက်ရာမှ နိုးလာတော့ လူကအဖျားရှိနေတာဖြစ်သည် ။ဆေးလေးသောက်ပြီး ဒီညတော့ စောစောအိပ်ရာ၀င်ရမည် ။

မနက်ဖြန်က စာသင်ရမှာ အချိန်ဆက်သည် ။ မနက်ပိုင်းကိုဂျန်အွန်းကိုသင်ရမှာဖြစ်ပြီး အဲ့ကပြန်တာနှင့် ကျူရှင်တစ်ခုကို၀င်ရဦးမှာ ။

စာကြည့်စားပွဲမှာထိုင်လိုက်ပြီး laptop ကိုဖွင့်လိုက်သည် ။ ခဏနေဆို ကိုကိုကြီးတို့နဲ့ face time ရှိသည်လေ .. ခပ်နွမ်းနွမ်းဖြစ်နေတဲ့မျက်နှာကြောင့်နေမကောင်းဖြစ်နေမှန်းတမ်းသိကြမည်ဆိုတာကိုလည်း ထယ်ဟျောင်းတွေးမိသည် ။

မိနစ်အနည်းငယ်ကြာတော့ ကိုကိုကြီးဆီက၀င်လာတဲ့ call ကိုလက်ခံလိုက်သည် ။ကင်မရာကိုဖွင့်လိုက်တော့ ကိုကိုကြီးရော ကိုကိုငယ်ရောရှိနေတာ ။ ကိုကိုငယ်ကတော့ ကော်ဖီသောက်နေ‌ပြီး ကိုကိုကြီးက laptop ရှေ့မှာထိုင်နေတာဖြစ်သည် ။

"ဘာတွေလုပ်နေတာလဲ"

ပထမဦးစွာသော ကိုကိုကြီးဆီကမေးခွန်းဖြစ်သည် ။ထယ်ဟျောင်းလည်း ဘူကြည့်ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်၏

"ဘာလုပ်ရမှာလဲ ကိုကိုကြီးတို့ခေါ်မှာကိုစောင့်နေတာလေ"

"အေး အလတ်ကောင်ပေါ့ သူကော်ဖီသောက်ဖို့ကို ငါ့ကိုလာပတ်နေတာနဲ့ နောက်ကျသွားတာ"

ကိုကိုကြီးက‌သူ့နောက်ကကိုကိုငယ်ကိုမျက်စပစ်ပြီးပြောတော့ ကိုကိုငယ်ကလည်းမျက်စောင်းလှမ်းထိုးသည် ။ ထို့နောက် ထယ်ဟျောင်းမျက်နှာကိုသေချာစူးစိုက်ကြည့်ပြီး ကိုကိုငယ်က..

RODEO | KVWhere stories live. Discover now