episode 37

30.1K 2.1K 412
                                    

unicode

တစ်နေကုန်ကိုယ်လုပ်ရမယ့် အလုပ်တွေနဲ့နပမ်းလုံးပြီးတဲ့အခါ အိမ်ပြန်ရောက်တော့ထယ်ဟျောင်းတစ်ခဏအနားယူရသည်။ ‌၇ နာရီထိုးရင် တစ်ယောက်သောသူက ဆိုင်ကယ်နှင့်လာခေါ်မည်ဆိုသော ကိစ္စကိုလည်း ခေါင်းထဲကိုထည့်ထားရသေး၏ ။ ထိုအချိန်ဆို ကိုကိုငယ်လည်း အလုပ်ကပြန်ရောက်နေလေပြီ ။

ကိုကိုငယ်ပြန်မလာခင် အရင်ရေမိုးချိုးထားလိုက်သည်။ ကိုငယ်ရောက်တော့မှ ခွင့်ပြုချက်တောင်းမည်ဟုတွေးထားတာကြောင့် အ၀တ်အစားက မလဲထားမိသေးပါ ။ ထယ်ဟျောင်းနဲ့သူ့အကြောင်းကို ကိုငယ်သိသွားပြီးပြီဆိုပေမယ့် သိပြီးပြီပဲ ဆိုပြီး လုပ်ချင်တာလုပ်သည်အထိ ထယ်ဟျောင်းမမိုက်မဲသေးပါ ။

ဤသို့နှင့် ထယ်ဝီဟာ ထုံးစံအတိုင်း ၆ နာရီ ကျော်ကျော်လောက်တွင်အိမ်ကို ပြန်ရောက်လာခဲ့သည်။ ထယ်ဝီအိမ်ထဲ၀င်သည်နှင့် ဆင်းကြိုသောညီဖြစ်သူကို အကြည့်တစ်ချက်သာပြန်ပေးလိုက်ပြီး ဘာစကားမှ မဆိုချေ။ သူ၀ယ်လာသော ဟင်းထုပ်တွေကိုသာဆွဲပြီး မီးဖိုခန်းထဲ၀င်သွားသည့်အခါ ထယ်ဟျောင်းမျက်နှာငယ်လေးနှင့်ရပ်ကျန်နေမိခဲ့ပါသည်။

သူကိုငယ့်ကိုစကားဘယ်လိုစရပါ့မလဲ။ ဘာပဲဖြစ်ဖြစ် ကိုငယ့်ဘက်က တစ်ခုမှ ဖွင့်ဟမလာခဲ့လျှင်တော့ သူ့ဘက်ကခြေလှမ်းစရမည်ဟု တွေးထားမိပါသည်။ ဒီပုံစံအတိုင်းအမြဲတမ်းသွားနေလို့လည်းမရသလို သူဟာလည်းပဲ ဂျက်စတင့်ကို ခွဲနိုင်မည့်သူမဟုတ်တာ သူသိသည်။ ထို့ကြောင့် ကိုကိုငယ်နဲ့ညှိနှိုင်းရမှကိုဖြစ်ပါလိမ့်မည် ။

ထယ်ဟျောင်းသည် စိတ်ကိုသေချာပြင်ဆင်ပြီးမှ ကိုငယ်ရှိရာမီးဖိုခန်းထဲကို လိုက်၀င်လာခဲ့လိုက်သည် ။ သူ၀င်သွားတော့ ကိုငယ်ဟာ၀ယ်လာသောဟင်းများကို အိုးထဲထည့်‌၍နွှေးနေတာဖြစ်သည်။ ထယ်ဟျောင်း၀င်လာတာကို သိပေမယ့်ဘာမှလှည့်ပြောမလာ ။ထို့ကြောင့် ထယ်ဟျောင်းသည် ကိုငယ်နှင့်မလှမ်းမကမ်းလောက်ကို လျှောက်သွားလိုက်ပြီးမှ စကားတစ်ခွန်းကို အစပြုလိုက်ပါသည်။

"ကျွန်တော် ခဏနေရင် အပြင်သွားစရာရှိတယ်ကိုငယ်"

"...."

RODEO | KVWhere stories live. Discover now