unicode
ညသန်းခေါင်ယံကြီး အိမ်မှာနေ၍ ခေါင်းပူနေသူမှာ ဒေးဗစ်သာဖြစ်သည်။ ညနေကတည်းက ကားနဲ့ထွက်သွားတဲ့ ဂျက်စတင်တစ်ယောက် ဘယ်လိုမှဆက်သွယ်မရ၍ သူ့မှာစိတ်ပူနေရသည်။ ပုံမှန်လိုဆိုကိစ္စမရှိပေမယ့် သူအခုလိုက်သွားတာ ဂိုက်ဆရာနောက်ကို။
အဲ့ဒါအပြင်အခုအပြင်မှာရွာနေတဲ့မိုးက သည်းကြီးမည်းကြီးပင်။ မိုးရွာတဲ့အချိန်တွေဆို ဂျက်စတင်အပြင်မှာရှိနေတာက စိတ်ပူရသည်။ သူ့မှာက မိုးနှင့်ပတ်သက်ပြီးစိတ်ဒဏ်ရာရှိသည်။
ဂျက်စတင်ငယ်ငယ်ကမိသားစုလိုက်လုပ်ကြံခံရတော့ ဂျက်စတင့်မိသားစုက အပြင်ရောက်နေချိန်ဖြစ်သည်။ ဂျက်စတင်တို့မိသားစုကငွေရေးကြေးရေးအဆင်ပြေကြသည်။ လုပ်စားတဲ့အလုပ်ကလည်း ငွေတိုးချေးစားတဲ့အလုပ်ဖြစ်နေတော့ လူမုန်းလည်းများသည်။
ထိုနေ့ကတော့ သူတို့မိသားစုလေးကံဆိုးခဲ့ရသည့်နေတစ်နေ့ပင်ဖြစ်ပါသည်။
"မာမီ .. သားအအေးသောက်ချင်တယ်"
lover seat တွင်ထိုင်သောမိခင်၏ကိုယ်ပေါ်မှာနေ၍ ၈ နှစ်အရွယ်သာရှိသေးသော ဂျက်စတင်က သူဖြစ်ချင်တာလေးကိုပြောသည်။ မိခင်ဖြစ်သူက ဂျက်စတင်ရဲ့ပါးလုံးလုံးလေးကိုဆွဲလိုက်ရင်း ..
"အပြင်မှာမိုးတွေရွာနေတာကို ဂျက်စတင်.."
"ဒယ်ဒီ~"
မိခင်ဆီကလိုချင်တာမရသောဂျက်စတင် ကားမောင်းနေသော ဖခင်ဖြစ်သူကို ပူဆာပြန်သည်။ တစ်ဦးတည်းသောသားလေးမို့ မိဘနှစ်ပါးဆီက အလိုလိုက်ခံထားရသော ဂျက်စတင်လေးဟာ ဆိုးချင်သည်။
သားဖြစ်သူရဲ့ဆန္ဒကိုမပြုလုပ်ပေးရဘဲမနေနိုင်သဖြင့် ဂျက်စတင်၏ ဖခင်ကကားကိုအအေးဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်လိုက်ပြီး ..
"မိန်းမ .. ကိုယ်ဆင်း၀ယ်လိုက်မယ် အပြင်မှာမိုးရွာနေတော့မင်းနဲ့သားနဲ့ကားထဲမှာပဲကျန်ခဲ့.. မင်းရောသောက်ဦးမလား"
"တော်ပြီ ကို..သားအတွက်ပဲ၀ယ်ခဲ့လိုက်"
"အင်း"
ထို့နောက်တော့ ဂျက်စတင့်၏ဖခင်ဟာ ကားထဲကနေဆင်းပြီးအအေးဆိုင်ထဲ၀င်သွားခဲ့သည်။ ကားထဲတွင်ကျန်နေခဲ့သော သားအမိမှာ ဂျက်စတင်ကတော့ သူဖြစ်ချင်တာဖြစ်ရ၍ ပါးလုံးလုံးလေးတွေပင့်တက်သည်အထိပြုံးကာ မိခင်ဖြစ်သူကိုချွဲနေလေ၏ ။