unicode
သန့်ရှင်းလုပ်ပြီးတော့လည်း ရေချိုးခန်းထဲကထွက်တော့ဂျက်စတင်ကပဲ ထယ်ဟျောင်းကိုပုဝါတစ်ထည်နဲ့ပတ်ပြီးပွေ့ခေါ်ဖို့ပြင်သည်။ ထယ်ဟျောင်းပုံမှန်ဆိုသူ့ဆီက အခုလိုအပြုအမူတွေငြင်းမှာပေမယ့် လောလောဆယ်နာကျင်နေတဲ့ခါးအောက်ပိုင်းကြောင့် ကောင်းကောင်းလမ်းလျှောက်နိုင်မည်မဟုတ်သဖြင့် ငြိမ်သာငြိမ်နေရသည်။
ဂျက်စတင်သည် မိမိလက်နှင့်ပွေ့လိုက်၍ ပါလာသော ရင်ခွင်ထဲကလူကငုံ့ကာကြည့်မိသည်။ ခုနကနမ်းတုန်းကကျအနမ်းကိုတုံ့ပြန်ပေမယ့်အခုကျ မျက်နှာကစူပုတ်နေပြန်သည်။ခါးအောက်ပိုင်းပုဝါနှင့်ပတ်ပေးပြီး ကျောနှင့်ဒူးအောက်လက်လျှိုကာပွေ့ထားသည်ကိုပင် လည်ပင်းကိုပြန်မခိုထားဘဲ လက်ကိုသူ့ဗိုက်ပေါ်သူပြန်တင်ထားသည် ။
"ဘာလုပ်နေတာလဲ ဖက်ထားလေ"
မျက်နှာကိုငုံ့ကြည့်ပြီးပြောလိုက်တော့ မျက်စောင်းထိုးလာသည်။ သဘောက သူစိတ်ဆိုးမပြေသေးဘူးပေါ့လေ။ အခုကရော ဘာကိုစိတ်ဆိုးနေပြန်တာလဲ ..
"ဘာကိစ္စဖက်ရမှာ?"
လူကိုလေသံမာမာနှင့်ပြန်ဖြေသည်။ ဂျက်စတင်မျက်ခုံးကျုံ့မိ၏ ။ ဒီလူကတကယ်ကိုအလျှော့ပေးလို့မရ ။
"ဒါဆိုကျုပ်လွှတ်ချပြီ"
"ဂျက်စတင် .. မေမေ့!"
သူ့ကိုပစ်ချမည့်ဟန်လုပ်လိုက်တော့မှ လက်ကလေးနှစ်ဖက်ကလည်ပင်းကိုတင်းနေအောင်လာဖက်ပြီး မျက်လုံးကိုလည်းဖိမှိတ်လိုက်ရှာ၏။
ဟက်! .. ဒီလိုပုံစံနှင့်များ ဂျက်စတင့်စီးဂဲ(လ်)ဆိုတဲ့ကောင်ကိုကြောချင်နေသေးတယ်။
ဂျက်စတင်လည်းသူကိုယ့်ကိုဖက်ထားတာသေချာပြီဆိုမှ ရေချိုးခန်းတံခါးကို ဖွင့်ကာထွက်လာလိုက်သည်။ ထိုတော့မှ သူ့လည်ပင်းကိုတင်းနေအောင်ဖက်ထားတဲ့ ထယ်ဟျောင်းလက်တွေကလည်းဖြေးဖြေးချင်းပြေလျော့သွား၏ ။ ဂျက်စတင်သူ့ကိုငုံ့မကြည့်သေးဘဲ အောင်နိုင်သူမျက်နှာနှင့်ဟန်ချီကာ မျက်နှာကိုမော့ထားတာဖြစ်သည်။
ရေချိုးခန်းထဲကထွက်လာပြီး ကုတင်ပေါ်မှာချပေးရန် ကုတင်ဘေးရောက်တော့မှ ..