unicode
ဂျက်စတင်ဟာ ကိုယ်တိုင်ကားမောင်းပြီး သူငယ်ချင်းဖြစ်သူတစ်ဦးရဲ့ ဆေးခန်းကိုရောက်လာခဲ့သည်။ ဆေးခန်းအတွင်းကို အိမ်နေရင်း၀တ်သည့် pajamas ၀မ်းဆက်နဲ့၀င်လာသည့်ပုံစံက တခြားလူတစ်ယောက်အနေနဲ့သာဆို ကြိတ်ဟားခံရနိုင်ပါသည်။ သို့ရာတွင်ထိုကဲ့သို့ပုံစံ၀တ်စားထားပြီး ၀င်ရောက်လာသူက အမေရိကန်-ကိုရီးယားကပြား ဂျက်စတင်စီးဂဲ(လ်)ဖြစ်နေသည့်အခါတွင်တော့ လူအချို့ရဲ့အကြည့်တွေကိုပင် တစ်မျိုးတစ်ဖုန်ဆွဲဆောင်ထားနိုင်တာဖြစ်သည် ။
အင်္ကျီလက်တိုဖြစ်၍ ညာဘက်လက်မောင်းပေါ်က တက်တူးများဟာအတိုင်းသားမြင်နေရသည်။ ကျယ်ပြန့်သည်ပုခုံးရှိကာမြင့်မားသည့်ရင်အုပ်ကြီးမှာလည်း အင်္ကျီထဲကပင်လျှံကျနေသယောင် ။
အရပ်အမောင်းကောင်းကောင်း လူကောင်ထွားထွားကြီးမို့ မြင်သူတိုင်းလည်ပြန်ငေးရသည့်အနေအထားတွင်ရှိနေသည့်တိုင် ဂျက်စတင်ကတော့ကိုယ့်ကိုကိုယ်ယုံကြည်ချက်အနည်းငယ်လျော့နည်းနေသည်။
အကြောင်းသည်ကား သူ့သူငယ်ချင်းကို ရေမွှေးသုံးမပေးထားရသည်အတွက်။
သူကအခုက ဟိုတယ်ကနေတစ်ခါတည်းတန်းလာတဲ့အနေအထားဖြစ်သည်။ အိမ်ကိုရောက်ခဲ့သေးပေမယ့် မ၀င်ခဲ့သည်က သူ့စိတ်ကတခြားကိုသာရောက်နေသည်ကြောင့်။
ဂျက်စတင်ဟာအသန့်အပြန့်ကြိုက်သူပီပီ အမွှေးနံ့သာအလွန်ကြိုက်သည်။ သို့ဖြစ်ရာ ရေချိုးပြီးသည်နှင့် သူ့ကိုယ်ပေါ်မှာ ရေမွှေးရနံ့က နှစ်မျိုးအမြဲတမ်းရှိနေတတ်သည်။ တစ်မျိုးကတော့ သူ့အနားကိုရောက်လာတဲ့သူတိုင်း ခံစားရနိုင်ပေမယ့် တစ်မျိုးကတော့ သူ့အောက်ပိုင်းမှာအ၀တ်မရှိနေသည့်အချိန် အနားမှာရှိသူကသာ ခံစားရနိုင်မည်။
ပထမတစ်မျိုးသည်က အရမ်းမပြင်းသလိုအရမ်းမနုသော ရနံ့ငြိမ်ငြိမ်ကလေးဖြစ်သည်။ ဒုတိယတစ်မျိုးကတော့ သစ်ခွရနံ့။
လက်ရှိမှာ သူ့ခန္ဓာကိုယ်ဟာသန့်ရှင်းပြီး ကိုယ်ပိုင်ကိုယ်သင်းရနံ့မွေးပျံ့ပျံ့နှင့်ရှိနေသည့်တိုင် သူကတော့ အကဲပိုသူမို့ မျက်နှာကသိပ်မကြည် ။
![](https://img.wattpad.com/cover/346177006-288-k890585.jpg)