unicode
ဂျက်စတင့်ကားပေါ်ပါလာသော ထယ်ဟျောင်းခမျာ နှလုံးရောဂါရတော့မလိုပင်။ သူဘယ်ကိုမောင်းနေတာလဲ ထယ်ဟျောင်းမှမသိဘဲ ။
"ဂျက်စတင်! မင်းအခုကားကိုရပ်ပေးနော်"
"မရပ်ပေးဘူး"
"မင်းငါ့ကိုဘာလုပ်ဦးမလို့လဲ!"
ထယ်ဟျောင်းကသာ ဖြစ်ပျက်နေတာ သူကကားကိုအေးအေးဆေးဆေးမောင်းနေလေ၏ ။ ထယ်ဟျောင်းမေးတာကို ချက်ချင်းမဖြေဘဲ မျက်ခုံးပင့်သည်။ နောက်တော့ သိရမှာပေါ့ဆိုတဲ့ ပုံစံနဲ့ !
"ငါကားပေါ်က ခုန်မချရဲဘူးမထင်နဲ့နော်!"
"ဟုတ်ပြီ လော့ချလိုက်မယ်"
ပြောပြီး ကားတံခါးကိုလော့ချလိုက်သည်။ ထယ်ဟျောင်းဆွဲဖွင့်ကြည့်တော့ ဖွင့်လို့မရတော့ချေ။
'ဂျက် ဂျက် ဂျက်'
"ဂျက်စတင်!!"
"အင်း"
"မင်း!"
"ဟားဟားဟား"
ထယ်ဟျောင်းကိုသူက စ စရာနောက်စရာလို လုပ်နေတာဖြစ်သည်။ ထယ်ဟျောင်းတကယ်စိတ်ဆိုးမိတော့မည် ။
"ငါမင်းနဲ့မလိုက်ဘူး.. ဂျက်စတင်ငါ့ကိုအခုရပ်ပေးပါ ကျေးဇူးပြုပြီး"
ထယ်ဟျောင်းသူ့ကို အသနားခံကြည့်ရသည်။ အခုချိန်မှာထယ်ဟျောင်းက သူ့လက်ခုပ်ထဲကရေဖြစ်နေသည်မဟုတ်ပါလား ။
ထိုအခါကျတော့ ဂျက်စတင်က မျက်ခုံးကိုတွန့်ချိုးပြီး စုပ်သပ်သည်။
"ကျစ်! ပြိုင်ကားကွင်းသွားမလို့ အဖော်မရှိလို့"
"ဟင် .. အစ်ကိုဒေးဗစ်ကရော"
"သူကကျုပ်ရည်းစားမှ မဟုတ်တာ .. ကျုပ်ရည်းစားပဲ ကျုပ်ခေါ်မှာပေါ့"
လျပ်တစ်ပြတ်စကားနှင့်လည်း သူကထယ်ဟျောင်းကို ရှက်သွေးဖြန်းသွားအောင်လုပ်နိုင်သည် ။ ထယ်ဟျောင်းမှာ ဘာမှတောင်ဆက်မပြောမိတော့ဘဲ ပေါင်ပေါ်ကလက်လေးတွေကို တင်းတင်းဆုပ်ကာ မျက်နှာလေးလွှဲပစ်ရသည်။ သူ့မျက်နှာကိုဆက်ကြည့်မနေရဲတော့ ။
ဒီကပြားကောင်နဲ့တော့ သူလည်းရူးချင်၏ ။
မိနစ်အနည်းငယ်မောင်းပြီးတော့ ပြိုင်ကားမောင်းတဲ့ ကွင်းကျယ်ကြီးတစ်ခုထဲကိုရောက်လာသည်။ အထဲမှာ သူ့ကဲ့သို့ ပြိုင်ကားလာမောင်းတဲ့ သူတွေရှိနေကြ၏ ။ ကားတွေကလည်း အကုန်အမိုက်စားတွေချည်းပင် ။
