unicode
'တီ တီ တီ'
နှိုးစက်သံကြောင့် ထယ်ဟျောင်းအိပ်ရာမှလန့်နိုးသွားခဲ့သည် ။ ၇ နာရီတောင်ထိုးလေပြီလား။ ထယ်ဟျောင်းက ၇ နာရီနှိုးစက်ပေးထားလေ့ရှိပေမယ့် အမြဲ ၆ နာရီမထိုးခင်နိုးတဲ့သူဖြစ်သည် ။ အခုတော့ ၇ နာရီအထိတောင်သူအိပ်နေခဲ့တာပေါ့ ..
"အ့"
အိပ်ရာကထလိုက်တော့ ခန္ဓာကိုယ်က ကိုက်ခဲနေပြီး သမ်းလိုက်တဲ့အချိန်တွင်လည်း နှုတ်ခမ်းပေါ်က နာကျင်မှုကိုခံစားလိုက်ရသည်။ ကိုယ့်နှုတ်ခမ်းကိုယ် လက်ချောင်းလေးတွေဖြင့် ဖိထားလိုက်တုန်း ခေါင်းထဲကို ၀င်လာတဲ့ မနေ့ညက အဖြစ်အပျက်တွေ ။
'ငါ့ကိုလွှတ် .. အမူးသမား အရူးသမား! မင်းမမိုက်ရိုင်းနဲ့!!'
'ကျုပ်စကားကိုနားမထောင်ဘူးလား!'
'အမေ့ !'
'တစ်ကိုယ်ကောင်းဆန်မနေနဲ့တော့ .. အဲ့ဒီ့နှုတ်ခမ်းကို ကျုပ်ကိုက်ပေးမယ်'
ခေါင်းထဲကိုအစီအရီပြန်ပေါ်လာတဲ့ ရုန်းရင်းဆန်ခက်အခြေအနေ .. ထယ်ဟျောင်းမှာ ဒေါသကြောင့် အကျင့်အတိုင်းကိုယ့်အောက်နှုတ်ခမ်းကိုပြန်ကိုက်ချင်တာတောင် အခုအဲ့ဒီ့ကပြားကောင်ကိုက်သွားတဲ့ အနာတွေကြောင့် မကိုက်ရဲတော့။
"တောက် !"
ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်လိုက်ပြီး ကုတင်ပေါ်မှဆင်းလိုက်တော့ လူကမိုက်ခနဲဖြစ်သွားသည်။ မျက်ခုံးနှစ်ခုကြားကို လက်ညှိုး လက်ခလယ်ဖြင့် ဖိထားရင်ပြန်ထိုင်လိုက်ရသည် ။
တစ်ချိန်ထဲမှာပဲခံစားလိုက်မိသည်က သူနဖူးက ကိုယ်အပူရှိန်ဖြစ်သည် ။ မနေ့ညက နောက်ကျနေပြီဖြစ်တဲ့အချိန်ကြီးကို သူရေချိုးတာကြာသွားခဲ့သဖြင့် အခုလို ဖျားသွားတာဖြစ်မည်။
"အငယ်ကောင်!"
"ဗျာ ကိုကိုငယ်"
အခန်းအပြင်ကခေါ်သံကြောင့် ထယ်ဟျောင်းအလန့်တကြားထူးလိုက်မိသည် ။ဘာကြောင့်မှန်းမသိ သူ့မှာ အစ်ကိုဖြစ်သူကိုပိုကြောက်နေရ၏ ။ အမြန်ထလာလိုက်ပြီး တံခါးဖွင့်လိုက်တော့ မြင်လိုက်ရသော သူ့အစ်ကိုက အလုပ်သွားဖို့အဆင်သင့်ဖြစ်နေဟန်..