unicode
This episode will include mature words and scenes.If you don't like it, please skip it THANK YOU.
_ _ _ _ _ _ _ _ _ _ထယ်ဟျောင်းစိတ်တစ်ခုလုံးဟာ ခံစားချက်တွေရောထွေးနေတာ ဖြစ်သည်။ သူဟာကြားသိခဲ့ရတဲ့ ဂျက်စတင်နဲ့ပတ်သက်နေတဲ့အကြောင်းအရာတွေကြောင့် ထိုအကြောင်းအရာတွေမသိသေးသော ဂျက်စတင့်အစား ရင်ပူနေမိသည်။
ဖခင်ဖြစ်သူဆီကသစ္စာဖောက်ခံထားရကြောင်း ဖခင်ကိုမှသိပ်ချစ်တဲ့ကောင်လေးသိသွားရင် ဘယ်လိုများတုန့်ပြန်မလဲ ။ စိတ်လက်မာန်ပါဖြင့် တုန့်ပြန်မှုတွေရှိလာခဲ့ရင် ဂျက်စတင့်ကိုပဲအဓိကထိခိုက်မှာဖြစ်တာကြောင့် သူ မပူဘဲမနေနိုင်ပါ။
သူဂျက်စတင့်ကို အထိခိုက်မခံနိုင်။ နည်းနည်းလေးတောင်မှ မခံနိုင်တာဖြစ်သည်။ သူဟာအရာရာကိုအတွေးများပြီး တွေးပူတတ်တဲ့သူဖြစ်သလို အခုကိစ္စမှာလည်း ဘယ်လိုကိုင်တွယ်ပြီး ဂျက်စတင့်ကိုအသိပေးရမလဲ မတွေးတတ်ပါ ။
တခြားလူထက် ဘာလို့ဂျက်စတင်အဲ့လောက်မုန်းနေတဲ့ ဂျယ်မင်မှလဲ ။ ဘေးလူဖြစ်တဲ့သူတောင် ဒီလောက်ခံပြင်းနေရရင် ကာယကံရှင်ဖြစ်တဲ့ ဂျက်စတင်ကဘယ်လောက်တောင်မခံမရပ်နိုင်ဖြစ်လိုက်မလဲ ။ ဒါ့အပြင် ဂျက်စတင့်ဖခင်ကိုလည်း အတော်လေးအံ့အားသင့်မိပါသည်။ ဘယ်လိုစိတ်နဲ့များ ဒီလိုကိစ္စမျိုးကို ကျူးလွန်ခဲ့ပြီး ဘာအပြစ်မှ မလုပ်ထားတဲ့ သူလိုနေနိုင်ရတာလဲ ။
တခြားအရာတွေထက် သူစိတ်ပူတာ သူစိုးရိမ်တာဟာ ဂျက်စတင်တစ်ယောက်တည်းသာရှိပါသည်။ အခုအခြေအနေအရဆိုဂျယ်မင်ကလည်း ဂျက်စတင်တို့သားအဖကိုသူဟာဘယ်လိုနည်းနဲ့ဖြစ်ဖြစ်စိတ်အနှောင်အယှက်ပေးမည် ဒုက္ခပေးမည်ဟု စစ်ကြေညာလိုက်တာပင်။ ဂျက်စတင်က ဒင်းကိုတော်ရုံခေါင်းထဲမထည့်တတ်တဲ့သူမို့ အကယ်၍များမတွေးမိထားတဲ့ထောင်ချောက်တွေထဲ ရောက်သွားခဲ့ရင် ဂျက်စတင်ပဲထိခိုက်ရမှာ ။ ဂျက်စတင်ဟာ အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် သူ့ကိုယ်သူအမျိုးမျိုးခုခံနိုင်စွမ်းရှိတဲ့သူဆိုတာ သိသည့်တိုင် ထယ်ဟျောင်းဟာတော့ဖြင့် အစိုးရိမ်လွန်မိပါသည်။
![](https://img.wattpad.com/cover/346177006-288-k890585.jpg)