episode 12

34.8K 2.1K 207
                                    

unicode

"ခင်ဗျားအထဲကို ကျုပ်ဟာထည့်လို့ရတဲ့ဆက်ဆံရေးမျိုး ကျုပ်လိုချင်တယ် !"

ဆင်ဆာပါသည်လို့တောင် မပြောထိုက်သော စကားမျိုးကို ထမင်းစားရေသောက်လိုပြောလိုက်တဲ့ ကပြားကောင်ကြောင့် ထယ်ဟျောင်းနားရွက်ဖျားတွေရဲခနဲဖြစ်သွားသည်။

ဘယ်လိုတောင်အရှက်မရှိတဲ့ကောင်လဲ။

"မင်းမှာအရှက်မရှိဘူးလား ငါ့ကိုအဲ့လိုရွံစရာစကားတွေလာမပြောနဲ့ ဖယ်! လွှတ်"

သူ့ကို ကိုယ်ပေါ်ကတွန်းထုတ်ဖို့ကြိုးစားနေတဲ့ ထယ်ဟျောင်းကို လက်ကောက်၀တ်တစ်ဖက်နှင့် ခါးကနေဖိချုပ်ထားတာကြောင့် ထယ်ဟျောင်းအားနေ‌တဲ့လက်နဲ့သာ သူ့ကိုတွန်းပစ်ပေမယ့် သူကနည်းနည်းတောင်မရွေ့။

နေတောင်ကောင်းကောင်းပြန်မကောင်းသေးသောထယ်ဟျောင်းမှာလည်း သူ့လိုလူရဲ့အားကိုပြန်မယှဉ်နိုင်သေးပါ။

"ကျုပ်ကအဲ့ဒီ့စကားကိုယဉ်ကျေးအောင်ဘယ်လိုပြောရမလဲမသိဘူးလေ။ ဘယ်လိုပြောရမှာလဲ အာ .. sex partners ဒါဆိုရင်ရော ကြားရတာအဆင်ပြေလား"

"မိုက်ရိုင်းလိုက်တဲ့ ကောင်!"

"ခင်ဗျားလည်းပြန်ရိုင်းလို့ရပါတယ်"

ထယ်ဟျောင်းဘက်ကဒေါသတကြီးပြန်ပြောသမျှကို ကျေနပ်နေသည့်မျက်နှာပေးနဲ့ ပြန်ဖြေနေတဲ့ ဂျက်စတင်က အမှန်တကယ်လည်းပဲ စိတ်ကျေနပ်မှုကိုတစ်၀ကြီးခံစားနေရတာဖြစ်သည်။

ပါးနှင့်နားရွက်ကလေးတွေပန်းနုရောင်သမ်းနေသော ဂိုက်ဆရာကို အထက်စီးကနေငုံ့မိုးကြည့်နေရတဲ့ ခံစားချက်ကတော်တော်လေးကိုစွဲလမ်းချင်စရာကောင်းလွန်းသည်။ သူဟာ ယောက်ျားမျိုးစုံကို သူ့ရင်ခွင်အောက်မှာထားခဲ့ဖူးသည့်တိုင် သူ့အတွက် ဒီလူလောက်ဘယ်သူကမှ တဆိမ့်ဆိမ့်ကြည့်ချင်‌စရာကောင်းမနေခဲ့ချေ ။

ဂျွန်ဂျက်စတင်မြင်ဖူးတဲ့အချောအလှတွေထဲမှာ ကိုရီးယား ၊အမေရိကန် သာမက တခြားသော နိုင်ငံသားတွေအများပါ၀င်နေသေးတာ ။ သို့ရာတွင် ဘယ်သူ့ကိုမှ သူက ၅ စက္ကန့်ထက်ပိုစိုက်ကြည့်ခဲ့ဖူးသည့်သူမျိုးမဟုတ်ပါ။

RODEO | KVWhere stories live. Discover now