episode 39

34.7K 2.2K 740
                                        

unicode

မနက်လင်းတဲ့အထိဂျက်စတင်တို့အဖွဲ့တွေတည်းခိုခန်းကမပြန်ဖြစ်သေးပါ။ ဂျက်စတင့်ဆီမှာလည်း ထယ်ဟျောင်းကမနိုးသေးသလို ဂျက်စတင့်သူငယ်ချင်းအချို့လည်းမနိုးကြသေး။ ထယ်ဟျောင်းကတော့ သောက်ထားတဲ့ဒဏ်ပါရှိတော့ ပိုဆိုးသည်။ ဂျက်စတင်အိပ်ရာနိုးပြီး ‌တစ်ကိုယ်ရေသန်ရှင်းလုပ်ပြီးသည့်တိုင် အိပ်ပျော်နေတုန်းဖြစ်သည်။

အ၀တ်အစားအပိုမပါသောကြောင့် မနေ့ညကအ၀တ်တွေကိုပဲ ရေမစိုစေဘဲ ပြန်၀တ်ရသည်။ ဂျင်းဘောင်းဘီကိုအရင်ဆုံး၀တ်ပြီး ခါးပတ်ပတ်လိုက်၏ ။ ‌အပေါ်ပိုင်းကိုအင်္ကျီမ၀တ်ရသေးခင် ဂျက်စတင်အိပ်ရာပေါ်ကမနိုးသေးသူကို တစ်ချက်ကြည့်မိသည်။

အိပ်နေလိုက်တာများသူ့အိမ်သူ့ရာ ရောက်နေတယ်များထင်နေလားမသိ။ ညကလည်းဒင်းအမူးကောင်းလို့ ဂျက်စတင်အသည်းယားပြီး တစ်ခုခုလုပ်ပစ်မိတော့မလို့။ တော်ကြာမနက်မိုးလင်းမှာမူးနေတဲ့သူကို အခွင့်ကောင်းယူပါတယ်ဆို ပြဿနာထတက်မှာကြောက်လို့သာ ‌လက်လောက်နဲ့ကျေနပ်လိုက်ရတာ။

'မောင်!'

ဂျက်စတင်သည်အိပ်ရာပေါ်ကလူကိုစိုက်ကြည့်နေရင်း ညကထိုလူ့နှုတ်ဖျားကထွက်ကျလာသည့်နာမ်စားလေးကို ပြန်ကြားယောင်မိရင်း ရင်ထဲကဒုတ်ခနဲ။

"ကျစ် .. မရတော့ဘူး"

ချက်ချင်းဆိုသလိုဂျက်စတင်သည်ကုတင်ပေါ်ပြန်တက်သွားခဲ့ကာ တစောင်းလေးအိပ်ပျော်နေသူကို ပက်လက်အနေအထားဆွဲလှန်လိုက်သည်။ အိပ်နေသူက မျက်ခုံးလေးတွေတွန့်သွားပြီး သိပ်မကြာခင်နိုးလာတော့မည်ထင်သည်။ သို့ပေမယ့်ဂျက်စတင်ကတော့ ဒီလူ့ကိုဖက်နမ်းချင်စိတ်ကို တားမရတော့ချေ။

"ပြွတ်"

ပါးလေးကိုလက်တစ်ဖက်နှင့်ထိန်းထားရင်း ကျန်တစ်ဖက်ကလည်း ထယ်ဟျောင်းရဲ့အင်္ကျီအောက်ကို၀င်သွားခဲ့လေပြီ ။ တုန့်ပြန်မလာတဲ့အနမ်းဆိုသော်လည်း ကိုယ်ကပဲ ဖြစ်နေ‌၍လားမသိ လွှတ်ကိုမပေးချင်တာ။

"အင့် .."

ထယ်ဟျောင်းသည် အိပ်နေရင်းမှ အိပ်မက်တွေမက်နေသလိုလို တကယ်ဖြစ်နေသလိုလိုကြီးခံစားနေရသည်။ အိပ်မက်ထဲမှာ ဂျက်စတင်က သူ့ကိုယ်သူ 'မောင်' လို့သုံးနေတာဖြစ်ပြီး ထယ်ဟျောင်းကလည်း ဂျက်စတင့်ကို 'မောင်' လို့ပြန်ခေါ်မိတာ ။ အခုလည်းဂျက်စတင်က သူ့ကိုဖိနမ်းနေပြီး သူ့ကိုခန္ဓာကိုယ်ကို ပွတ်သပ်နေသည် ဟုခံစားနေရပြန်သည်။ အိပ်မက်လို့ပြောရအောင်လည်း ထယ်ဟျောင်းနားထဲမှာပါ 'ပြွတ် ပြွတ်'နဲ့အသံတွေကြားနေရတာဖြစ်ပြီး ထယ်ဟျောင်းကိုယ်တိုင်တောင်အသက်ရှူမ၀တော့သလိုခံစားနေရသည်။ တစ်ကိုယ်လုံးကိုလွန့်လူးကြည့်မိသော်လည်း ဘယ်လိုမှ သူ့ဆီကမလွတ်ချေ။

RODEO | KVWhere stories live. Discover now