unicode
တက္ကစီတစ်စီး၏ နောက်ခန်းတွင် ဘေးချင်းယှဉ်ထိုင်နေသော ထယ်ဟျောင်းနှင့်ထယ်ဝီ။ ထယ်ဟျောင်းဟာ ဂျက်စတင်ရဲ့အိမ်က ပြန်ပြန်ချင်း အစ်ကိုဖြစ်သူကို သွားထုတ်ခဲ့တာဖြစ်သည်။ သူစခန်းကို မရောက်ခင်ကတည်းက ဂျက်စတင်က သူ့အစ်ကိုကိုလွှတ်ပေးဖို့ ရဲတွေကို ဖုန်းဆက်ပြောပြီးလေပြီ။ ထို့ကြောင့် ထယ်ဟျောင်း လွယ်လင့်တကူပင် အစ်ကိုဖြစ်သူကိုခေါ်ထုတ်လာနိုင်တာဖြစ်၏။
ဘေးတွင်ထိုင်ပြီး ငြိမ်နေသောထယ်ဟျောင်းကို ထယ်ဝီက အရိပ်တကြည့်ကြည့်ဖြစ်နေလျက်။ ဘယ်လိုမှကျေအေးမပေးတဲ့အခြေအနေကို သူ့ညီလေးဘယ်လိုများဖြေရှင်းပြီးသူ့ကိုခေါ်ထုတ်လာသလဲမသိပါ ။
ဆေးရုံတောင်တက်ထားခဲ့ရတဲ့ ကလေးမို့ သူအမေးအမြန်းတွေမထူချင်ပေမယ့်မရတော့။ ပြောသင့်တာပြော မေးသင့်တာမေးရတော့မည်။
"ထယ်ဟျောင်း"
"ဗျာ"
ထယ်ဟျောင်း ချက်ချင်းထူးပြီး ကိုကိုငယ့်ကိုလှည့်ကြည့်လိုက်သည်။ ထိုအခါ ထယ်ဟျောင်းကို ကြည့်နေတဲ့ကိုကိုငယ်ရဲ့မျက်လုံးတွေက ရှုပ်ထွေးနေပုံပင် ။ ကိုငယ့်မှာထယ်ဟျောင်းကိုမေးစရာတွေရှိနေပုံ ..
"အဲ့ဒီ့ကောင် မင်းကိုနှောင့်ယှက်နေတာကြာပြီလား .. အခုကရော ဘယ်လိုဖြေရှင်းခဲ့လို့ သူကကျေအေးပေးတာလဲ"
ထယ်ဟျောင်းပေါင်ပေါ်ကလက်ကလေးတွေလှုပ်လှုပ်ရှားရှားဖြစ်သွားပေမယ့် မျက်နှာမပျက်အောင် ထိန်းနေရသည် ။ ထယ်ဟျောင်းဟာ ကပြားကောင်နဲ့ နှစ်လတိတိတွဲပေးပြီး အပေးအယူလုပ်ခဲ့ပါတယ်ဆိုတာကို ကိုကိုငယ်သိလို့မဖြစ်ပါ။
"သူနှောင့်ယှက်တာက ကျွန်တော်သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့ညကတည်းက .. "
"ဘာ !"
ကိုကိုငယ်က ဒေါသထွက်စွာအော်လေသည်။ ဒါတောင်ထယ်ဟျောင်းက လိမ်လိုက်တာမို့လို့ပင်။ စတွေ့ကတည်းက အမျိုးမျိုးနှောင့်ယှက်ခဲ့တာလို့များပြောရင် ကိုငယ် အခုနောက်တစ်ကြိမ် ကပြားကောင်ကိုသွားထိုးဦးမှာ ။
"ကျွန်တော် ကိုငယ့်ကိုပြောမပြခဲ့တာက သူဒီလောက်အတင့်ရဲမယ်မထင်လို့။ ဆေးရုံမှာရမ်းကားခဲ့တာက နောက်ဆုံးပါ .. ဒီမနက်ကျွန်တော်သူနဲ့သေချာဖြေရှင်းခဲ့တာမို့လို့ ကျွန်တော်တို့ထပ်ပြီးပတ်သက်ဖို့မရှိတော့ဘူး"