unicode
အေးချမ်း၍ သာယာနေခဲ့သော ခြံ၀န်းလေးတစ်ခုသည် အချိန်တစ်ခုအတွင်းမှာတင် အခြေအနေတွေပြောင်းလဲကုန်တော့သည် ။
ခြံထဲကို၀င်လာသော ထိုလူတစ်စုဟာ ဘာကိုမှ မလုပ်ကြသေးသော်လည်း ဂျန်အွန်းရဲ့ဒေါ်လေးမှာ လက်ဖျားတွေတုန်နေရှာသည် ။ ဒီကနေ့က သူအတိုးသတ်ရမယ့်နေ့ဖြစ်သည်လေ ။
တစ်ဖက်တွင်လည်းအိမ်ထဲက ထယ်ဟျောင်းမှာ တပည့်ဖြစ်သူရဲ့စကားကြောင့် လန့်သွားပြီး အခြေအနေကို လှမ်းကြည့်လိုက်ရာမှ သူ့ကိုလှမ်း၍ စိုက်ကြည့်နေသော ယောက်ျားတစ်ယောက်ရဲ့မျက်၀န်းနဲ့သွားဆုံလေ၏ ။
အ၀တ်ကိုတောင် သေချာမ၀တ်ဘဲ အင်္ကျီကိုရင်ဖက်တစ်လျှောက်ဖွင့်ဟထားသော အဲ့ဒီလူက ရုပ်ရည်ကိုကြည့်ခြင်းဖြင့် ထယ်ဟျောင်းထက်ငယ်မှာကျိန်းသေပေါက်ပင် ။ ဘယ်လိုကြည့်ကြည့်ကိုရီးယားမျက်နှာပေါက်ဟုထင်ရသော်လည်း ပုံစံကတော့ နိုင်ငံခြားကားတွေထဲက လူမိုက်တွေရဲ့ပုံစံနဲ့ ။
ကျွန်တော့်ကိုလှမ်းကြည့်နေတဲ့ပုံစံက နည်းနည်းလေးမှထောင့်မကျိုး ။ဒီလိုအကြွေးရှင်တွေ ကိုရီးယားမှာသောင်းကျန်းတတ်တာသိပေမယ့် အခုနဖူးတွေ့ဒူးတွေ့ ကြုံရတာတော့ ဒါပထမဆုံးပင် ။
ကိုယ့်ကိစ္စလည်းမဟုတ်သဖြင့် စိတ်ကိုထိန်းရင်း အကြည့်ကိုရှေ့ပြန်ပို့လိုက်သည် ။ မဟုတ်ရင် အဲ့လူကိုထယ်ဟျောင်း တစ်ခုခုထပြောမိတော့မှာ ။
"ကျစ် ကျစ် ကျစ် ကျစ်"
နဂိုကမှအောက်တွင်အင်္ကျီမပါဘဲ ၀တ်ထားသော suit jacket ကို ညာဖက်တစ်ခြမ်းအား လှစ်လှပ်၍ခါလိုက်ရင်း ဂျောင်ဂု တစ်နည်း ဂျက်စတင် ဆိုသောယောက်ျားပျိုသည် ဘေးဖက်က အဒေါ်ကြီးဆီကိုအာရုံပြန်ပြောင်းလိုက်သည် ။ အဒေါ်ကြီးမှာ သူလှည့်လာသည်နှင့် ခေါင်းကိုငုံ့ထားလိုက်တာများ မြေကြီးထဲ၀င်မတတ် ။
အာ .. လူမိုက်ဇာတ်သွင်းခံနေရပြီ ။
"အဒေါ်ကြီး ။ ဒီနေ့ဘာနေ့လဲ သိတယ်ဟုတ်?"
သူမေးတော့လည်း ခေါင်းကိုတဆတ်ဆတ်ညှိမ့်ပြရှာပြန်သည် ။ အခုသူတို့က ဘယ်သူ့ကိုမှ ဘာမှမလုပ်သေးတာကိုတောင် ကြောက်နေလိုက်တာများ !