unicode
"ဘေဘီ!"
၀ယ်လာသမျှ အစားအသောက်ထုပ်များကို လက်မှာကိုင်ဆွဲလျက် ဂျက်စတင်သည် ဘယ်သူမှမရှိတော့သော ကားအတွင်းပိုင်းကြောင့် လူတစ်ကိုယ်လုံးတုန်လှုပ်ကာ ခြောက်ခြားသွားရသည် ။ အထုပ်ထားကို ကားထဲသို့ထည့်ထားခဲ့လိုက်ပြီး ကားနှင့်ပတ်၀န်းကျင်ပတ်ပတ်လည်ကိုပတ်ရှာမိ၏ ။
ဂျယ်မင်က ထယ်ဟျောင်းကိုအဆက်အသွယ်တွေလုပ်နေတဲ့အချိန်မှ ထဖြစ်တာမို့ လူကပူထူကာ ဇက်ကြောတွေပါတောင့်တင်းလာရသည် ။ ရုတ်တရက်ကြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေပြီးခါမှ သတိရသွားတာက ထယ်ဟျောင်းကိုဖုန်းဆက်ကြည့်ဖို့ပင်ဖြစ်သည်။
ကားထဲက မိမိဖုန်းကိုယူကာ ဖုန်းဆက်ကြည့်လိုက်တော့ ဖုန်းလာတဲ့အသံဟာ ကားထဲကကြားလိုက်ရတာမို့ ဂျက်စတင်ရူးချင်သွားသည်။ ထယ်ဟျောင်းဖုန်းက ကားထဲမှာပဲရှိနေသေးတာဖြစ်သည် ။
"ဟာကွာ .. အဲဒီငါလိုးမသား!"
အမှန်တကယ်ကိုငိုချချင်စိတ်သာပေါက်တာဖြစ်သည် ။သူဟာကျန်တဲ့နေရာမှာသာ ပြောလို့ဆိုလို့မရသောဂျစ်ကန်ကန်ယောက်ျားတစ်ယောက်ဖြစ်သည့်တိုင် သူ့ရဲ့တစ်ယောက်သောသူနဲ့ပတ်သတ်လာရင်တော့ သိပ်ကိုအားနည်းပါသည် ။ ဘယ်ကိုလိုက်လို့လိုက်ရမှန်းလည်းမသိသည့်အဆုံး ဖြစ်ချင်ရာဖြစ်ဟူပြီး ထယ်ဟျောင်းအစ်ကိုတွေကိုဆက်သွယ်ဖို့တွေးချလိုက်၏ ။
ကိုယ်တိုင်မစောင့်ရှောက်နိုင်ရလေခြင်းဆိုတဲ့အသိနဲ့ ကိုယ့်ကိုကိုယ်လည်းဒေါသထွက်လို့မဆုံးပါ ။ မပြောကောင်းမဆိုကောင်း ထယ်ဟျောင်းသာသူ့မျက်စိကွယ်ရာမှာ အန္တရာယ်တစ်ခုခုကြုံခဲ့ရလျှင် သူ့ကိုယ်သူသေတောင်ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။
ဖုန်းနံပါတ်တွေကိုရှာဖွေနေတဲ့လက်တွေက လက်ဖျားတွေတောင်တုန်ချင်နေသည်။ သူ့ဖုန်းနံပါတ်က ဟိုလူ ကိုငယ်ဆိုတဲ့သူကိုဆက်လို့မရ။ အခုထိဘလော့ခံထားရစဲဖြစ်တာကြောင့် အစ်ကိုကြီးဆိုသူကိုသာ ဆက်ဖို့စဉ်စားလိုက်သည် ။
ထိုစဉ် ..
"အ့!"
နောက်ကျောဘက်ကထွက်လာတဲ့ အသံလေးကြောင့် ဂျက်စတင့်ရင်တစ်ခုလုံးဟာလှိုက်ခနဲဖြစ်သွားရကာ ချက်ချင်းဆိုသလိုလှည့်ကြည့်မိလိုက်တာဖြစ်သည်။ ထိုအခါမှမြင်လိုက်ရသည်က မုန့်ဘူးမကြီးမသေးလေးတစ်ခုကို လက်ထဲမှာကိုင်လျက် အားယူကာလမ်းလျှောက်နေရသော သူအရမ်းချစ်ရပါသောသူလေးကိုဖြစ်သည် ။