episode 17

40.4K 2.1K 278
                                    

unicode

တိတ်ဆိတ်နေသောဟိုတယ်အခန်းအတွင်း မှန်ပြတင်းမှ အလင်းရောင်ကထင်းလင်းစွာတိုး၀င်နေသည်။ အချိန်အားဖြင့် မနက် 9 နာရီဖြစ်သည်။

ကုတင်ပေါ်တွင်တစောင်းလေးကွေးနေသောထယ်ဟျောင်းဟာ နိုးတစ်၀က် အိပ်တစ်၀က်ဖြစ်လို့လာသည်။ သူ့မျက်လုံးတွေက ဖွင့်ချင်သလိုလို မဖွင့်ချင်သလိုလိုနှင့် ။

သူဟာ ကုတင်ရဲ့ညာဖက်ခြမ်းမှာအိပ်နေတာဖြစ်ပြီး ဘယ်ဘက်ခြမ်းကိုကျောပေးထားတာဖြစ်သည်။ သူ့ကိုယ်ပေါ်တွင် အဖြူရောင်စောင်အထူကြီးရှိသော်လည်း တစ်စွန်းတစ်စပေါ်နေသော ခြေသလုံးလေးတွေ ပုခုံးလေးတွေကို ကြည့်ရုံနှင့် သူ့ကိုယ်မှာအခုထိ အ၀တ်မရှိသေးမှန်းသိနိုင်သည်။

ဖြေးဖြေးချင်းပွင့်လာသည့် ပန်းနုရောင်မျက်ခွံလေးမှာ အနားသတ်တွင် မျက်တောင်ရှည်စင်းစင်းလေးများရှိနေသည်။ သို့ရာတွင် ထိုမျက်တောင်လေးများဟာ တစ်ချောင်းနဲ့တစ်ချောင်းပူးကပ်၍ ခြောက်သွေ့နေခြင်းသည်ကား သူဟာမနေ့ညက ဘယ်လောက်မျက်‌ရည်မိုးရွာခဲ့ရသည်ဆိုတာပြော‌ပြနေသည့်အလား ။

ခေါင်းထဲမှာကိုက်ခဲပြီးနောက်ကျိနေတာရှိပေမယ့် သူဟာအဖြစ်အပျက်တွေကိုကောင်းကောင်းမှတ်မိနေပါသည်။ မနေ့ညက သူ ကပြားကောင်နဲ့ ဒီကုတင်ပေါ်မှာအတူတူ ..

"အင်းး"

"အင့်!"

ကျောဖက်ကနေ ခါးပေါ်ကိုရောက်လာတဲ့ လက်ဖျံတစ်ခုကြောင့် ထယ်ဟျောင်းပင်လန့်သွားသည်။ တစ်ဆက်တည်းမှာပဲ စဉ်းစားလိုက်မိသည်က သူနဲ့ကပြားကောင်ဟာ တစ်ညလုံးဒီကုတင်ပေါ်မှာအတူရှိနေခဲ့သည်ဆိုတဲ့အချက်ပင် ။

သူဟာဘယ်ကနေဘယ်လိုအိပ်ပျော်သွားသလဲလည်း သေချာမမှတ်မိပါ။

'ဂျက်စတင်!'

'ပြီးပြီ ၀င်သွားပြီ'

'ဗိုက်.. ဗိုက်ထဲမှာ အ့'

'အင်း ဗိုက်ထဲအထိ'

ရုတ်တရက်မနေ့ညက သူနဲ့ဂျက်စတင်ပြောခဲ့တဲ့စကားတွေဟာနားထဲပြန်‌ကြားယောင်လာသဖြင့် ထယ်ဟျောင်းပါးတွေရဲတက်သွားကာ နားတွေပါပူတက်သွားသည်။

RODEO | KVWhere stories live. Discover now