episode 24

33.1K 1.9K 467
                                    

unicode

မနက် ၁၀ နာရီကျော်ကျော်လောက်မှ ဂျက်စတင်အိပ်ရာကနိုးလာသည် ။ နိုးနိုးချင်း ခေါင်းတစ်ခုလုံးနောက်ကျိကာကိုက်ခဲနေ၏။ မနေ့ညကအသောက်များသွားတာကြောင့်ဟု တွေးမလို့ရှိတုန်း သတိရသွားတာက သူမနေ့ညကတစ်‌ယောက်သောသူရဲ့အိမ်ကိုသွားပြီးသောင်းကျန်းခဲ့သေးသည်ဆိုတာကိုပင် ။ ထိုသူရဲ့အစ်ကိုမိမလိုဖြစ်လို့ သူအထိုးခံခဲ့ရသည်လေ။

"ကျွတ် ကျွတ် ကျွတ်!"

နားထင်ကိုလက်ချောင်းတွေနဲ့နှိပ်ပေးရင်း အိပ်ရာပေါ်မှာဘယ်ညာ လူးလှိမ့်နေမိ၏။ ‌အဲ့ဒီ့မတိုင်ခင်က အီဂျယ်မင်ဆိုတဲ့ကောင်နဲ့ ပြိုင်ကားကွင်းမှာ ရန်ဖြစ်ခဲ့တုန်းကတောင် ဒီလောက်အထိမနာသလိုပင် ။ တော်တော်လည်းလက်သန်ပြောင်နိုင်လွန်းတဲ့သူ ။

လူးနေလှိမ့်နေရင်း မှောက်ယက်အနေအထားဖြစ်သွားတော့မှ ခေါင်းထဲကိုအတွေးတစ်ခုထပ်ရောက်လာသည် ။ ထိုသည်ကား သူမနေ့ညက ဂိုက်ဆရာအိမ်မှာသွားသောင်းကျန်းခဲ့တုန်းက ပြုလုပ်ခဲ့တဲ့ကိစ္စတွေဖြစ်သည် ။

'ခင်ဗျားအိမ်မှာမို့လို့ ကံကောင်းသွားတယ်မှတ်!'

နွမ်းလျနေသူလေးရဲ့မျက်နှာကိုစိုက်ကြည့်ပြီးသူပြောခဲ့တဲ့စကား ။ ဂျက်စတင်ဟာတွေးရင်း သူ့ရဲ့ညာဘက်လက်ဆီက လက်ချောင်းတွေကို မျက်နှာရှေ့ယူကြည့်မိသည် ။ သူမနေ့ညက အဲ့အိမ်ကပြန်လာကတည်းက ‌ကိုယ်တွေလက်တွေတောင်မဆေးဘဲ အိပ်ပျော်သွားခဲ့တာ ။

ဂျက်စတင်သည် သူ့ရဲ့လက်ချောင်းတွေကို ကွေးလိုက်ဆန့်လိုက်ဖြင့်အချိန်တော်တော်ကြာလုပ်ကြည့်နေမိသည် ။ ဒါတွေက မနေ့ညက ဂိုက်ဆရာကိုယ်ထဲ၀င်ခွင့်ရခဲ့တဲ့ကောင်တွေ။

ဂျက်စတင်အိပ်ရာကနေတော်တော်နဲ့မထဖြစ်ပါ။ ၁၅ မိနစ်လောက်ကြာမှသာ ကုတင်ပေါ်ကဆင်းလာခဲ့လိုက်ပြီး ရေချိုးသန့်ရှင်းရေးလုပ်‌ဖို့ပြင်ရသည် ။ အင်္ကျီကို ခါးကနေမချွတ်လိုက်ပြီး ကုတင်ပေါ်ပစ်တင်လိုက်သည် ။

ထိုစဉ် ခေါင်းဦးနံဘေးက ဂျက်စတင့်ရဲ့ဖုန်းက တုန်ခါလာခဲ့၏ ။ ဘောင်းဘီချွတ်ဖို့ပြင်နေသော ဂျက်စတင်ခဏရပ်သွားပြီး ဖုန်းကိုလှမ်းကြည့်မိသည် ။ contact မှာပေါ်နေသော အမည်က မိမိ၏ ဖခင်ဖြစ်သူ ။

RODEO | KVWhere stories live. Discover now