unicode
အဲလစ်ကို စာသင်ပေးလို့ပြီးသွားသည့်နောက် ထယ်ဟျောင်းရဲ့အင်္ကျီတွေလည်း လျှော်ဖွတ်ပြီးလို့ အကုန်ပြီးစီးသွားလေပြီ။ အ၀တ်တွေကို ထယ်ဟျောင်းဂျက်စတင့်အိမ်ကိုစရောက်ကတည်းက ဒေးဗစ်ကပဲ အိမ်အကူတွေနဲ့အပ်ထားပေးတာဖြစ်သည် ။
အခုညနေစောင်းရောက်တော့ ပြန်၀တ်လို့ ရနေပြီဖြစ်၍ ထယ်ဟျောင်းထိုအင်္ကျီတွေကိုပြန်လဲ၀တ်ပြီးသာ ထိုအိမ်ကနေပြန်ဖို့ပြင်ရသည်။
"ပြန်တော့မယ်ဆို ကျွန်တော်လိုက်ပို့ပါ့မယ်"
ဒေးဗစ်ဆိုတဲ့လူက လာပြောတာဖြစ်သည် ။ ထယ်ဟျောင်းမသိစိတ်ကတော့ တစ်ယောက်သောသူကိုသာလိုက်ရှာမိပါသေးသည်။ ထယ်ဟျောင်းအ၀တ်မလဲခင်ကတောင် ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတဲ့သူက အခုကျဘယ်ရောက်သွားတာပါလိမ့်။
"ဂျက်စတင်က အပြင်ထွက်သွားတယ်"
"...."
သူခိုးလူမိသလိုဖြစ်သွားတဲ့ခံစားချက်ကြောင့်ထယ်ဟျောင်းမျက်လုံးလေးတောင် ဝိုင်းသွားသည် ။သူ့ပုံစံက ဂျက်စတင့်ကိုရှာနေမှန်းသိသာနေတာလား ..
"ရပါတယ် ကျွန်တော့်ဘာသာပဲပြန်ပါ့မယ်"
"ဂျက်စတင်ကကျွန်တော့်ကို သေချာလိုက်ပို့ပေးဖို့ပြောသွားပါတယ် ကျွန်တော်နဲ့ပဲလိုက်ခဲ့ပါ"
ထယ်ဟျောင်းလည်း စကားပြိုင်မပြောချင်တော့သဖြင့် ခေါင်းသာညှိမ့်ပြီး လက်ခံလိုက်ရသည် ။ ကားပေါ်ကိုတက်လာလိုက်ပြီး ကားစထွက်သည်အထိ သူ့စိတ်က တခြားမှာရောက်နေသည်။
သူဟာမနေ့ညကပင် ကပြားကောင်ကိုသူ့ခန္ဓာကိုယ်အား ပေးခဲ့မိပြီဖြစ်သည်။ အမှားကြီးတစ်ခုလိုလည်းမတွေးချင်ပါ ။ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ဒီကိစ္စမျိုး ကြုံတွေ့ရတာကို တစ်မူထူးပြီးလည်းတွေးမနေမိတော့ ။ သူတွေးနေရတာဟာ ကပြားကောင်ကြောင့်သာဖြစ်သည် ။
ကပြားကောင်ဟာ သူနဲ့နှစ်လပဲတွဲမယ့်လူ ။ အပျော်အပါးမက်ပြီး တစ်ဖက်သားအကြောင်းကိုဆိုခေါင်းထဲထည့်ပေးချင်မှာမဟုတ်တဲ့လူ။