unicode
ကြားလိုက်ရတဲ့ စကားကြောင့် ထယ်ဟျောင်းမျက်လုံးလေးတွေဝိုင်းခနဲဖြစ်သွားရသည်။ ဒီစကားက ဘာအဓိပ္ပာယ်နဲ့ပြောတာလဲဆိုတာ သူမသိဘဲရှိမလား။ အခုဒီကပြားကောင်က မူးနေတာဖြစ်မည် .. အဲ့ဒါကြောင့် သူ့ကိုသူများတွေထိုးကြိတ်သွားတာတောင် အာရုံမထားနိုင်ဘဲ ထယ်ဟျောင်းကိုသာ နှောင့်ယှက်ဖို့ကြိုးစားနေတာ ။ ဘာပဲဖြစ်ဖြစ် အခုအခြေအနေတွင် ထယ်ဟျောင်းကအန္တရာယ်ရှိနေလေပြီ ။
ဒီကောင်က ထယ်ဟျောင်းကို မတော်မတရားကြံတော့မှာ!
ဂျက်စတင်သည် သူ့စကားကြောင့် မျက်ဆန်လေးတွေလှုပ်ခတ်သွားသူအား မိန်းမောစွာကြည့်နေမိသည်။ သူပဲမူးနေလို့လားမသိ .. ဒီဂိုက်ဆရာဟာ သူ့မျက်လုံးထဲမှာ သိပ်ကိုပိုင်ဆိုင်ချင်စရာလေးဖြစ်နေသည် ။အမှောင်ရိပ်ထဲက အသားအရေ၀င်း၀င်းမွှတ်မွှတ်လေးရယ် ၊မျက်တောင်ရှည်စိပ်စိပ်ကလေးတွေရယ် ၊ ဂုတ်ထောက်နေတဲ့ ဆံပင်စင်းစင်းလေးတွေရယ် ၊ ပန်းဆီရောင်နှုတ်ခမ်းလေးနဲ့ ကိုယ်သင်းရနံ့သင်းပျံ့ပျံ့လေးကအစ သူ့ရဲ့စိတ်အာရုံအလုံးစုံကို လွှမ်းမိုးနိုင်စွမ်းရှိသလိုခံစားနေရသည် ။
ကြည့်နေစဲအချိန်တွင် ထိုဂိုက်ဆရာဟာ ဂျက်စတင်ရဲ့လက်ဖျံတွေကိုဆက်တွန်းမချတော့ဘဲ သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ ဖုန်းကိုထုတ်သည် ။ ဘယ်သူ့ကိုများဆက်မလို့လဲ သိချင်၍ ဂျက်စတင်ဒီတိုင်းသာ ကြည့်နေလိုက်လျှင် ...
"ကိုကိုငယ် .. ကျွန်တော့်ကို -"
"အာ .."
ပထမဆုံးကြားလိုက်ရတဲ့ ကိုကိုငယ်ဆိုတာမှာကတည်းက ဂျက်စတင်သိသွားပြီမို့ ဖုန်းကိုဖြတ်လုပြီး ချပစ်လိုက်သည် ။
"ပြန်ပေးစမ်း ငါ့ဖုန်းပြန်ပေး !!"
ဖုန်းကိုင်ထားသောလက်ကိုနောက်သို့ပို့ထားပြီး ရှောင်တော့ ပြန်ယူရန်အတင်းကြိုးစားနေသူက သူနဲ့ရင်ဖက်ချင်းကပ်မှန်းမသိပိုကပ်လာသည်ကြောင့် ဂျက်စတင်တစ်ယောက်ကျေနပ်စွာပြုံးရယ်နေမိပြန်တော့သည် ။
"မင်းကိုငါရဲတိုင်မှာ !! ငါ့အစ်ကိုတွေက မင်းကိုအသေသတ်လိမ့်မယ်"